Home
မြန်မာသတင်း
ကရင်တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး
ရွှေအောင်
·
September 11, 2016
14322202_759084507562716_6066903001975688629_n
14291827_759084484229385_7347626248873422963_n
14225456_759084534229380_3320343463427222981_n
14233225_759084454229388_1855715298089564136_n-1
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသကို ထွက်ပြေး တိမ်းရှောင်လာရတဲ့ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော်သွားပြီလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ခင်က ပြောပါတယ်။ စက်တင်ဘာ ၂ ရက်ကစလို့ ကရင် ပြည်နယ် နယ်ခြားစောင့်ပူးပေါင်း တပ်ဖွဲ့နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒီမနက်လည်း တိုက်ပွဲဖြစ်နေတုန်းလို့လည်း ပြောပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသတလျှောက်ရှိ ရွာတွေက ဒေသခံကရင်လူထု ထွက်ပြေးတိမ်းရှောင်လာကြတာလို့ လှိုင်းဘွဲ့ပြည်နယ်ကိုယ်စားလှယ် ဦးစောချစ်ခင်က ပြောပါ တယ်။ “၂၂၁၂ ယောက်၊ မြိုင်ကြီးငူကို ပြေးလာတာ၊ ရွာ ၁၆ ရွာလောက်ရှိတယ်။ ရင်းဘိုင်တို့  ကျုံထော်တို့ မဲသဝေါတို့ တလျှောက်မှာ ရှိတဲ့ ရွာတွေကပေါ့။ အဓိကကတော့ မဲသဝေါတို့ ကျုံထော်တို့ဘက်က ရွာတွေပေါ့။ ကရင်တွေချည်းပဲ။ အဲ့ဒီဘက်က ကရင်တွေပဲ နေတာလေ။” ၂၀၁၆ ဇန်န၀ါရီလအတွင်း ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့ဟာ သြဂုတ်လ ကုန်ပိုင်းက စစ်မျက်နှာဖွင့်တိုက်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခုလို ပြည်နယ် အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့တာပါ။ ဓာတ်ပုံ - ကရင်ပြည်နယ် ဘားအံမြို့တော်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024