MTTAF Tatto Contest 2016 တက်တူးပြိုင်ပွဲ ရန်ကုန်မြို့တွင် ကျင်းပ
DVB
·
September 11, 2016
MTTAF Tatto Contest 2016 တက်တူးပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ အနယ်နယ်အရပ်ရပ်က တက်တူးပညာရှင်တွေနဲ့ တက်တူးဝါသနာရှင်တွေအားလုံး တက်ရောက်ခဲ့ပြီး အကောင်းဆုံးတက်တူးဆရာ ၆ ယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီတက်တူးပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက်တာကျင်းပသွားမှာဖြစ်ပါတယ်။
ဒီတက်တူးပြိုင်ပွဲမှာ ယောက်ျားလေးတွေသာမကပဲ အမျိုးသမီးတွေပါ ပါဝင်တက်တူးရေးထိုးခဲ့ပြီး တက်တူးရေးထိုးတာကို အနုပညာ ဖက်ရှင်တခုအနေနဲ့ပဲသဘောထားတယ်လို့ ပြောပါတယ်။