DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့် မြိုင်တွင် ရေကြီး၍ အနည်းဆုံး လူ ၃၀ ကျော် သေဆုံး
DVB
·
October 21, 2011
ပခုက္ကူနှင့် မြိုင်တွင် ရေကြီး၍ အနည်းဆုံး လူ ၃၀ ကျော် သေဆုံး
Donate to DVB

ပခုက္ကူမြို့နယ်မှာ ရေကြီးလို့ အနည်းဆုံး လူ ၃၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သလို ဆေးရုံမှာလည်း လူနာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

[caption id="attachment_16788" align="alignleft" width="300" caption="ရွှေချောင်းတံတား photo-facebook"][/caption]

ဒီလ ၁၉ ရက်မှာ မိုးသည်းထန်ပြီးနောက် ရေကြီးမှုကြောင့် အမျိုးသမီးအလောင်း ၂၀၊ အမျိုးသားအလောင်း ၁၈ လောင်း ဆယ်ယူရရှိထားပြီး လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပခုက္ကူမြို့ခံတဦးက ပြောပါတယ်။

ပခုက္ကူမြို့က ပေ ၃၀၀ လောက် အရှည်ရှိတဲ့ ရွှေချောင်းတံတား အလယ်ခေါင်က အခန်းလေးခန်း ပြတ်ထွက် သွားတယ်လို့လည်း ဆိုပါတယ်။

“မြိုင်နယ်၊ ရေစကြိုနယ်က စီးဆင်းလာတဲ့ရေတွေ မြစ်ထဲပေါင်းပြီး ပခုက္ကူ ရွှေချောင်းတံတား အလယ်ခေါင်က အခန်းလေးခန်း ပြတ်ထွက်ပြီး ပခုက္ကူ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း အဆက်ပြတ်သွားတာပေါ့။ ပခုက္ကူက ၃၈ လောင်း ဆယ်ထားရတယ်လို့ ရဲစခန်းသတင်းရတယ်။ ပျောက်တာက ၁၅၀ ၀န်းကျင်လောက် ရှိတယ်ကြားတယ်။”

သေဆုံးသူတွေဟာ ချောင်းနံဘေးမှာ နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့ ရပ်ကွက်စုလို ဖြစ်နေတဲ့ ပဲလှော်ဖိုတွေရှိရာ လူနေရပ်ကွက်ကလို့ သိရပါတယ်။ ရေကတော့ ပခုက္ကူမြို့တွင်းကို မ၀င်ဘဲ ဒီနေ့မှာတော့ ပုံမှန်နီးပါး ရေပြန်ကျတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့အနီး မြိုင်မြို့မှာလည်း တနယ်လုံးမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မြိုင်မြို့နယ်တနယ်လုံးက ၇ ယောက်သေတယ်။ မနက်က မြို့နယ် အုပ်ချုပ်ရေးမှူးမှာ အစည်းအဝေး လုပ်တာ။”

မြိုင်မြို့က အသက် ၅၅ နှစ်အရွယ် အမျိုးသားတဦးက “နှစ် ၅၀ အတွင်းမှာ အခုလို ဖြစ်ရပ်မျိုး မကြုံဖူးသေးဘူး။ မြို့အ၀င်က တံတားချဉ်းကပ်လမ်း ပါသွားတယ်။ ပြီးတော့ ရထားလမ်းတံတားလည်း ပါသွားတယ်။ တံတားအနောက်ဘက် ၀က်စုတဲမှာလည်း ဆိတ်ခြံတွေ အိမ် လေးငါးလုံးလောက် ပါသွားတယ်။ ထမင်းထုပ်တွေလည်း ပို့ပေးနေရတယ်။”

ပေါက်မြို့နယ် ဇီးတောရွာက အိမ်ခြေ ၄၀ လောက် ရေထဲမျောပါသွားတယ်၊ ရေပြာရွာက အိမ် ၉ လုံးမျောပါပြီး အလောင်း ၃ လောင်း တွေ့ရပြီး ၆ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောကြတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013