DVB Logo
Home
မြန်မာသတင်း
လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးကဒါဖီ သေဆုံး
DVB
·
October 21, 2011
လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးကဒါဖီ သေဆုံး
Donate to DVB

လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီ သေဆုံးသွားပြီလို့ လစ်ဗျားအသွင်ကူးပြောင်းရေးကောင်စီ အန်တီစီခေါင်းဆောင်တွေက အတည်ပြု ပြောကြားပါတယ်။

[caption id="attachment_16770" align="alignleft" width="310" caption="လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးကဒါဖီ "][/caption]

အောက်တိုဘာ ၂၀ ရက်နေ့က ကဒါဖီရဲ့ မွေးရပ်ဇာတိ ဆာ့မြို့ကို အန်တီစီ တပ်တွေက နောက်ဆုံး  မြို့သိမ်းတိုက်ပွဲ ဆင်နွှဲစဉ်မှာ  လစ်ဗျားနိုင်ငံကို ၄၂ နှစ်ကြာ အုပ်စိုးခဲ့တဲ့ ဗိုလ်မှူးကြီး  မွမ်မာ ကဒါဖီ သေဆုံးသွားခဲ့တာပါ။

 

မြို့တော် ထရီပိုလီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာတော့ အန်တီစီအဖွဲ့ ထိပ်တန်း တာဝန်ရှိသူ မာမွတ်ဂျီဘရီရယ်က “ဒီလို ချစ်လှစွာသော နိုင်ငံကနေ ကဒါဖီနဲ့ မကောင်းဆိုးဝါးတွေအားလုံး ပျောက်ကွယ်သွားပြီလို့ ကျနော်တို့ အတည်ပြုနိုင်ပါပြီ။ လစ်ဗျားတွေအတွက်တော့ ဒီအချိန်ဟာ လစ်ဗျားနိုင်ငံသစ်ကို  စီးပွားရေးစနစ်သစ်၊ ပညာရေးစနစ်သစ်၊ ကျန်းမာရေးစနစ်သစ်၊ အနာဂတ်အတွက် အမြင်သစ်တွေနဲ့အတူ စတင်ဖို့အချိန်လို့ ထင်ပါတယ်။ စည်းလုံးညီညာတဲ့ လစ်ဗျားနိုင်ငံ၊ တသားတည်းရှိတဲ့ပြည်သူတွေနဲ့  တူညီတဲ့ အနာဂတ်တခုကိုသွားဖို့ အချိန်ပါ” လို့ ပြောကြားခဲ့ပါတယ်။

လစ်ဗျားပြည်သူတွေအနေနဲ့ ဒီလိုသမိုင်းဝင်အချိန်ကို ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့ကြရတာပါလို့လည်း လစ်ဗျားခေါင်းဆောင်တွေက ပြောပါတယ်။

အန်တီစီအဖွဲ့ ဒု-ဥက္ကဋ္ဌ အဗဒ်လ်ဟာဖစ်ဂိုဂါကလည်း “ဒီလိုသမိုင်းဝင်အချိန်မှာ အားလုံးကို ကြိုဆိုပါတယ်။ ကျနော်သားသမီးတွေနဲ့ တကမ္ဘာလုံးကို ဒီသတင်းနဲ့ ပတ်သက်ပြီး ကြေညာချင်ပါတယ်။ သတင်းကတော့ လစ်ဗျားနိုင်ငံမှာ မင်းဆိုးမင်းညစ်နဲ့ အာဏာရှင်နိဂုံးချုပ်သွားပြီး  ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ သတင်းပါ။

“အာဏာရှင်တွေနဲ့ မင်းဆိုးမင်းညစ်တွေရဲ့ ကံကြမ္မာအတိုင်းလိုက်သွားတဲ့ ကဒါဖီရဲ့ ဦးခေါင်းကို ကျနော်တို့ရဲ့ တော်လှန်ရေးတပ်သားတွေက ရအောင် စီမံနိုင်ခဲ့ပါတယ်။ တော်လှန်ရေးတပ်သားတွေရဲ့ လက်တွေနဲ့ ကဒါဖီကို သတ်နိုင်ခဲ့ပြီဆိုတာ ကမ္ဘာကို ကြေညာပါတယ်။ ကဒါဖီရဲ့ အခန်းကဏ္ဍနဲ့ သူ့ရဲ့ အာဏာရှင်စနစ် နိဂုံးချုပ်သွားပါပြီ”လို့ ကြေညာသွားပါတယ်။

လစ်ဗျား ရုပ်မြင်သံကြားတွေမှာတော့ လစ်ဗျားခေါင်းဆောင်ဟောင်းကို အသက်ရှင်လျက် ဖမ်းဆီးရမိတဲ့ နောက်ဆုံးအချိန် ရုပ်သံတွေကို ထုတ်လွှင့်ပြသသွားပါတယ်။

ရိုက်တာသတင်းဌာနက ရရှိတဲ့ အပျော်တမ်း ဗီဒီယိုတခုမှာတော့ သွေးသံရဲရဲနဲ့ သေဆုံးနေတဲ့ ကဒါဖီရဲ့ ပုံရိပ်တွေကို မြင်တွေ့ရပါတယ်။ ဒီရုပ်ပုံတွေဟာ ကဒါဖီရဲ့ ပုံအစစ်အမှန် ဟုတ်မဟုတ်တော့ ရိုက်တာသတင်းဌာနက အတည်ပြုခြင်း မရှိသေးပါဘူး။

အန်တီစီတပ်သားတချို့ကတော့  ကဒါဖီကို နောက်ဆုံး ရှာဖွေတွေရှိခဲ့တဲ့ ရေမြောင်း ကွန်ကရစ်ပိုက်နေရာ အနီးတ၀ိုက်ကို ကြည့်ရှုစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အလားတူ ကဒါဖီရဲ့ သားတဦးဖြစ်တဲ့ မိုတပ်ဆင်ကဒါဖီရဲ့ အလောင်းကိုလည်း အန်တီစီတပ်တွေက  လစ်ဗျားပြည်သူ တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ကဒါဖီရဲ့ ဇာတိဆာ့မြို့တမြို့လုံးကို သိမ်းထားနိုင်လိုက်ပြီလို့ အန်တီစီတပ်တွေက ကြာသပတေးနေ့က ကြေညာခဲ့ပေမယ့် ကဒါဖီရဲ့ နောက်ထပ် သားတဦးဖြစ်တဲ့ ဆာအစ်ဖ် အယ်လ် အစ္စလာမ်ရဲ့ တပ်တွေနဲ့ အန်တီစီတပ်တွေ ဆာ့မြို့အနားမှာ အပြင်းအထန် တိုက်ပွဲဖြစ်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လစ်ဗျားရုပ်သံတွေကတော့ ဒီတိုက်ပွဲမှာ ဆာအစ်ဖ် အယ်လ် အစ္စလာမ်လည်း သေဆုံးသွားပြီလို့ သတင်းထုတ်ပြန် ကြေညာသွားပါတယ်။

ကဒါဖီ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ လစ်ဗျားမြို့တော် ထရီပိုလီနဲ့ လစ်ဗျားတော်လှန်ရေးသမားတွေရဲ့ အမာခံဘန်ဂါဇီနဲ့ မဇရာတာမြို့တွေမှာ လစ်ဗျားပြည်သူတွေက ညလုံးပေါက် သီဆိုတီးမှုတ်ကခုန် အောင်ပွဲခံခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013