Home
မြန်မာသတင်း
ဒိုင်ယာစီပင်ဆေးပြား ၃ သိန်းကျော် လှည်းကူမြို့နယ်တွင် ဖမ်းဆီးရမိ
DVB
·
September 9, 2016
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာမှာ စက်တင်ဘာ ၇ ရက်နေ့က ဒိုင်ယာစီပင်ဆေးပြား ၃ သိန်းကျော်နဲ့ ဆက်စပ်ပစ္စည်း တန်ဖိုးငွေ သိန်း ၁၆၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း လှည်းကူးမြို့မရဲစခန်းက သိရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာ နေကျော်ပိုင်းနေ အသက် ၄၉ နှစ်အရွယ် ကိုကျော်မိုးရဲ့  နေအိမ်မှာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ သတင်းရရှိတဲ့အတွက် လှည်းကူးမြို့မ ရဲစခန်းက ဒုရဲမှူးမောင်မောင်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သက်သေတွေနဲ့အတူ ကိုကျော်မိုးနေအိမ်ကို သွားရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ ကိုကျော်မိုးရဲ့ နေအိမ်ရှေ့မှာ ကျော်မိုးနဲ့အတူ စစ်တွေမြို့ ရဲနွယ်စုရပ်ကွက် စိန်အောင်မေယု လမ်းမှာ နေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် ကိုထွန်းလှကို တွေ့ရှိရပြီး RED RUBY စက္ကူဖာ အတွင်း (sedil) အမှတ်ဆိပ်နဲ့ ဒိုင်ယာစီပင် bp5mg စီပါ ရှိတဲ့ ဆေးကတ်ပေါင်း  ၅၄၀၀ ကတ် စုစုပေါင်း ဆေးလုံး ၁၀၈၀၀၀ လုံးပါ ၁ ဖာ ၅၄၀ ဂရမ်၊ KMRAWEIK စက္ကူဖာအတွင်း (sedil) အမှတ်တံဆိပ်နဲ့ ဒိုင်ယာစီပင် bp 5mg စီပါရှိတဲ့ ဆေးကတ် ပေါင်း ၅၄၀၀ ကတ် စုစုပေါင်း ဆေးလုံး ၁၀၈၀၀၀ လုံးပါ ၁ ဖာ ၅၄၀ ဂရမ်၊ Innco စက္ကူ ဖာအတွင်း sedil အမှတ်တံဆိပ်နဲ့ ဒိုင်ယာစီပင် bp 5gm စီပါရှိတဲ့ ဆေးကတ်ပေါင်း ၅၆၀၀ ကတ် စုစုပေါင်း ဆေးလုံး ၁၁၂၀၀၀ လုံးပါ ၁ ဖာ ၅၆၀ ဂရမ်၊ ဆေးပြား စုစုပေါင်း ၃၂၈၀၀၀ ပြားအလေးချိန် ၁၆၄၀ ဂရမ် တန်ဖိုးငွေ ၁၆၄၀၀၀၀၀ိ ကျပ် AMBEE PHARMACEUTICALS LDT. DHAKA BAGLADESH အမှတ်တံဆိပ်ပါ စက္ကူဖာအသေး အခွံ ၄ ခုနဲ့ ထွန်းလှရဲ့ ယာဘက်လက်မှကိုင်ဆောင်ထားတဲ့ ဆင်းကတ် ၂ ခုပါ ဖုန်း ၁ လုံးတို့ကို ရှာဖွေသိမ်းစည်းရမိခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားတဲ့ ဒိုင်ယာစီပင်ဆေးပြားတွေနဲ့အတူ ကိုကျော်မိုးနဲ့ ကိုထွန်းလှအား လှည်းကူးမြို့မရဲစခန်းက မူးယစ်(ပ)၁၀/၂၀၁၆ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - ညိုထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024