DVB Logo
Home
မြန်မာသတင်း
သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် ယာမြေများကို ဖိအားပေး ၀ယ်ယူ
DVB
·
October 20, 2011
Donate to DVB

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် ရေနံချောင်းမြို့ကနေ ကျောက်ပန်းတောင်းအတွင်းက လမ်းကြောင်းကျနေတဲ့ ယာမြေတွေကို ဖိအားပေး ၀ယ်ယူနေတယ်လို့ ကျောက်ပန်းတောင်းဒေသခံတွေက ပြောပါတယ်။

တရုတ် အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေဟာ ပိုက်လိုင်းအတွက် သူတို့သတ်မှတ်တဲ့ လမ်းကြောင်းပေါ်က ယာမြေတွေပေါ်မှာ လမ်းအူကြောင်းတွေ ဖောက်နေပြီး မရောင်းချင်လည်း ရောင်းပေးနေကြရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကျောက်ပန်းတောင်းက ရွာတွေကိုဖြတ်ပြီးတော့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီး သွယ်တန်းဖို့အတွက် လုပ်နေတာပေါ့။ ယာမြေတွေကို သိမ်းနေတာပေါ့။ ပိုက်တွေ အောက်ချနေပြီ။ ယာမြေတွေတော်တော်များများကို ၀ယ်ပြီးသွားပြီ။ ယာမြေတွေမှာ သီးနှံသမားတွေက လက်ရှိသီးနှံစိုက်ခင်းတို့ကို ပေးလိုက်ရတာ။ ရောင်းတာမဟုတ်ဘူး။ အစိုးရကိုယ်တိုင်ကကို ဒီလမ်းကြောင်းကို ဖောက်လိုက်တာ။ လမ်းကြောင်းမှာရှိတဲ့ ယာမြေတွေကို ရောင်းပေးရမယ်ဆိုပြီးတော့ ဘယ်နှသိန်းပေးပါမယ် ဆိုပြီးတော့။ ဟံသာကုမ္ပဏီကို သွားရောင်းတာ မဟုတ်ဘူး။”

လျော်ကြေးပေး ၀ယ်ယူတဲ့ အနေအထားဖြစ်ပေမယ့်လည်း ပေါက်ဈေးအတိုင်း ရသူရှိသလို မရသူတွေလည်း ရှိနေကြတာကြောင့် မကျေနပ်ကြဘူးလို့ ဆိုပါတယ်။

ယာပိုင်ရှင်တွေဟာ နစ်နာကြပေမယ့် မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့် အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်လုပ်နေတဲ့ ဒီအရောင်းအ၀ယ်ကိစ္စမှာ မရောင်းချင်လည်း ရောင်းလိုက်ရတယ်လို့ ပြောပါတယ်။

ခုလို ဘိုးဘွားစဉ်ဆက်လုပ်စားခဲ့တဲ့မြေတွေကို ဈေးဖြတ် ရောင်းလိုက်ရတာကြောင့် လတ်တလောမှာ ပိုက်ဆံ တကြိမ်သာရပြီး နောင် ရေရှည်လုပ်စားကိုင်စားဖို့ ယာမြေဆုံးရှုံးနစ်နာရတယ်လို့ ယာပိုင်ရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013