A d v e r t i s e m e n t With Us

ဆင်ဖြူကျွန်း​တွင် လင်း​ဇင်း​ဆည်ကျိုး​၊​ ရွာအများ​အပြား​ရေနစ်

မ​ကွေး​တိုင်း​ ဆင်ဖြူကျွန်း​မြို့​အထက်ဘက် လင်း​ဇင်း​ဆည် ကျိုး​ပေါက်တဲ့​အတွက် ရွာအ​တော်များ​များ​ ​ရေလွှမ်း​နေတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။ “မ​နေ့​ညက လင်း​ဇင်း​ဆည်ကျိုး​တယ်လို့​ ​ပြောတယ်။ ​ပေါင်း​ဒူး​တို့​၊​ င​ပျောအိုင်တို့​၊​ နွယ်တပင်၊​ ကြက်ဆူ၊​ လှည်း​ဝိုင်း​ရွာ ၂၀ ​လောက်ရှိတယ်။ ကြက်သွန်ခင်း​တွေ အကုန်ပျက်စီး​ကုန်တယ်။ စိုက်ခင်း​တွေအကုန် ပျက်စီး​တယ်လို့​ကြား​တယ်။ ​တော်​တော်ဒုက္ခ​ရောက်တယ်​ပြောတယ်။” အခုကျိုး​ပျက်တဲ့​ လင်း​ဇင်း​ဆည်ဟာ အင်္ဂလိပ်အစိုး​ရ​ခေတ်က ဆည်ဖြစ်ပြီး​ အဲဒီအထက်ပိုင်း​မှာ မြန်မာအစိုး​ရက စလင်း​ဆည်ကို ထပ်မံ​ဆောက်လုပ်ခဲ့​တယ်လို့​ ဆိုပါတယ်။ အဲဒီစလင်း​ဆည်က ဆင်း​လာတဲ့​ရေက လင်း​ဇင်း​ဆည်မှာ ​ရေပိုများ​စေပြီး​ မထိန်း​နိုင်​တော့​ဘဲ တာကျိုး​ခဲ့​တာလို့​ ဆိုပါတယ်။ “အထက်က စလင်း​ဆည်က ​ရေမနိုင်လို့​ ​ဖောက်ချလိုက်​တော့​ လင်း​ဇင်း​ဆည်မှာ ​ရေကများ​ပြီး​တော့​ တာအက်ပြီး​ အက်တယ်​ပြောတာပဲ။ အ​တော်ဒုက္ခ​ရောက်​နေကြတယ်။” ဆင်း​လာတဲ့​ရေ​တွေ စပါး​ခင်း​တွေ​ပေါ် လွှမ်း​ကုန်သလို တချို့​နေရာမှာ အိမ်​ခြေ​တွေပါ ​ရေစီး​နဲ့​ ​မျောပါကုန်တယ်လို့​ ​ဒေသခံတဦး​က ဆိုပါတယ်။ ဆည်ကျိုး​ရတဲ့​အ​ကြောင်း​ရင်း​ကို တာဝန်ရှိသူ​တွေက ထုတ်မ​ပြော​သေး​သလို ဒီဗွီဘီက ​မေး​မြန်း​ဖို့​ ကြိုး​စား​နေဆဲ ဖြစ်ပါတယ်။ အခု​လော​လောဆယ်မှာ စလင်း​မြို့​အပါအဝင် မြို့​နီး​ချုပ်စပ်က တတ်နိုင်သ​လောက် အကူအညီသွား​ပေး​နေကြတယ်လို့​ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up