DVB Logo
Home
မြန်မာသတင်း
ဒီ​ကေဘီ​အေက အစိုး​ရတပ်ကို ဆွဲမိုင်း​စစ်ဆင်​ရေး​ဖြင့်​ တိုက်ခိုက်
DVB
·
October 20, 2011
ဒီ​ကေဘီ​အေက အစိုး​ရတပ်ကို ဆွဲမိုင်း​စစ်ဆင်​ရေး​ဖြင့်​ တိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ် လှိုင်း​ဘွဲမြို့​နယ်မှာ အစိုး​ရစစ်​ကြောင်း​တခုကို ဒီ​ကေဘီ​အေတပ်က ဒီက​နေ့​ မနက်ပိုင်း​မှာ ဆွဲမိုင်း​တွေနဲ့​တိုက်ခိုက်ခဲ့​ပါတယ်။

ဒီ​​ကေဘီအေ ​ခေါ် တိုး​တက်​သောဗုဒ္ဒဘာသာကရင်အမျိုး​သား​တပ်မ​တော်က အစိုး​ရတပ် ခမရ ၂၀၅ ရဲ့​ စစ်​ကြောင်း​တခုကို ဆွဲမိုင်း​နဲ့​ တိုက်ခိုက်မှုဟာ ချိုကလီး​ဒေသ ခွီး​တာအယ် ရွာအနီး​မှာ ဖြစ်ပွား​ခဲ့​တာပါ။

တိုက်ပွဲအ​ကြောင်း​ကို ဒီ​ကေဘီ​အေအဖွဲ့​မှ ဗိုလ်မှူး​စန်း​အောင်က “ဒီမနက်ဘဲ ခွီး​တာအယ်ရွာထိတ်မှာ ရန်သူက ​ဝေါ်​လေဘက်ကို ချီတက်လာတဲ့​အချိန်မှာ ကျ​နောတို့​မိုင်း​စစ်ဆင်​ရေး​နဲ့​တိုက်ခိုက်တယ်။ အဲဒီမှာ အ​သေအ​ပျောက်​တော့​ မသိရ​သေး​ဘူး​” လို့​ ​ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်​နေ့​ မနက်ပိုင်း​မှာလည်း​ ဒီ​အေဘီ​ကေက အစိုး​ရတပ် ခမရ ၂၀၃ တပ်ရင်း​ကို ​တောင်နီတံတား​ထိတ်မှာ ဆွဲမိုင်း​စစ်ဆင်​ရေး​နဲ့​ တိုက်ခိုက်ခဲ့​လို့​အစိုး​ရတပ်သား​တချို့​ ဒဏ်ရာရ ​သေဆုံး​မှုရှိ​ကြောင်း​ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။

“သူတို့​ဘက်က အထိနာပြီး​တော့​ မိနစ် ၃၀ ​လောက် လက်နက်ကြီး​ လက်နက်ငယ်​တွေနဲ့​ပြန်ပစ်ခတ်တယ်။ ​ပြောင်း​ခင်း​ရဲ့​တဲနား​မှာ ရွာသား​တဦး​ ဒဏ်ရာရသွား​တယ်။ သူက လက်ရှိ မဲ​ဆောက်​ဆေး​ရုံမှာ ​ရောက်​နေတယ်။ ရန်သူဘက်က ၅ ဦး​ ဒဏ်ရာရပြီး​ ၁ ဦး​ ကျဆုံး​တယ်လို့​သိရတယ်။”

အဲဒီ​နေ့​ မနက် ၆ နာရီခွဲ​လောက်မှာ မြဝတီအထက် မိုင် ၁၀၀ ​လောက်မှာရှိတဲ့​ ​သောင်ရင်း​မြစ်ကမ်း​ မယ်သ​ဝေါမြို့​နယ်အနား​က ဒီ​အေဘီ​ကေရဲ့​ကော်ထစခန်း​ကို အစိုး​ရတပ်က စက်​လှေနဲ့​မောင်း​ပြီး​ ပစ်ခတ်ခဲ့​တယ်လို့​ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက် ကလည်း​ ​ကေအန်ယူ/​ကေအန်အယ်လ်​အေ တပ်မဟာ ၇ က အစိုး​ရတပ်​တွေကို ​ပြောက်ကျား​စနစ်နဲ့​ သုံး​ကြိမ်တိုက်ခိုက်ခဲ့​ရာမှာ အစိုး​ရတပ်ဘက်က ၄ ဦး​ ကျဆုံး​ပြီး​ ၅ ဦး​ ဒဏ်ရာရတယ်လို့​ ကြား​သိရ​ကြောင်း​ ​ကေအန်ယူ တပ်မဟာ ရ က တပ်​ရေး​ဗိုလ် ဗိုလ်မှူး​ အဲ့​ဆဲဆဲက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013