A d v e r t i s e m e n t With Us

တရား​မဝင်အလုပ်သမား​များ​ကို ဖမ်း​ဆီး​ရန် မ​လေး​ရှား​အစိုး​ရစီစဉ်

မြန်မာနှင့်​ မ​လေး​ရှား​အစိုး​ရတို့​ရဲ့​ အကျဉ်း​သား​လွှဲ​ပြောင်း​ရေး​အစီအစဉ်အ​ပေါ် လူ့​အခွင့်​အ​ရေး​ အဖွဲ့​တွေက စိုး​ရိမ်​နေချိန်မှာပဲ မ​လေး​ရှား​မှာ တရား​မဝင်​နေထိုင်သူ​တွေကို ဖမ်း​ဆီး​တဲ့​ အထူး​စီမံကိန်း​တခုလည်း​ လာမယ့်​ ရက်သတ္တပတ်​တွေမှာ ပြုလုပ်ဖို့​ ရှိ​နေတာ​ကြောင့်​ မ​လေး​ရှား​ရောက် မြန်မာ​တွေ စိုး​ရိမ်​နေပါတယ်။ အကျဉ်း​သား​လွှဲ​ပြောင်း​ရေး​ အစီအစဉ်​ကြေညာပြီး​ ရက်ပိုင်း​အတွင်း​ မ​လေး​ရှား​မှာ တရား​မဝင်​နေထိုင်သူ​တွေကို နိုဝင်ဘာထဲ ဖမ်း​ဆီး​တော့​မယ်လို့​ မ​လေး​ရှား​အစိုး​ရက ​ကြေညာလိုက်တဲ့​အတွက် အခုလို စိုး​ရိမ်စရာဖြစ်လာတာပါ။ ကွာလာလမ်ပူမှာရှိတဲ့​ မြန်မာဒုက္ခသည်များ​အဖွဲ့​ (Burma Refugee Organization) အဖွဲ့​ရဲ့​ ဥက္ကဋ္ဌ ဦး​မောင်လှက အခုလို​ပြောပါတယ်။ “ဟုတ်ပါတယ်။ ရဲက တစ်သိန်း​တစ်​သောင်း​၊​ စစ်သား​က တစ်သိန်း​တစ်​သောင်း​ ​နောက်ပြီး​တော့​ ​ရေလာ၊​ ရပ်ကွက်​ကောင်စီ အဲလိုမျိုး​ လဝက ကဦး​ဆောင်ပြီး​တော့​ စစ်ဆင်​ရေး​ကို လုပ်ဖို့​အစီအစဉ်ရှိပါတယ်။ သတင်း​စာထဲမှာ ​ခေါင်း​ကြီး​ပိုင်း​က​နေ ​ကြေငြာလိုက်ပါတယ်။” အဲဒီ စီမံချက်ထဲမှာ မ​လေး​ရှား​အစိုး​ရရဲ့​ (6Ps) ပရိုဂရမ်လို့​ လူသိများ​တဲ့​ နိုင်ငံခြား​သား​တွေကို မှတ်ပုံတင်တဲ့​အစီအစဉ်မှာ မှတ်ပုံမတင်ထား​တဲ့​ လူ​တွေကို အဓိက ဖမ်း​ဆီး​ဖွယ်ရှိတယ်လို့​ ဆိုပါတယ်။ မ​လေး​ရှား​ကို တရား​မဝင်နည်း​နဲ့​ရော၊​ တရား​ဝင်နည်း​နဲ့​ပါ ​ရောက်​နေတဲ့​ မြန်မာနိုင်ငံသား​ သုံး​သိန်း​ခွဲဝန်း​ကျင်ရှိ​နေတဲ့​ထဲက တသိန်း​ဝန်း​ကျင်ဟာ (6Ps) ပရိုဂရမ်​အောက်မှာ မှတ်ပုံတင်မထား​ကြပါဘူး​။ ဒါ့​အပြင် ကုလသမဂ္ဂက အသိအမှတ်ပြုထား​တဲ့​ မြန်မာဒုက္ခသည် ၉ ​သောင်း​နီး​ပါး​နဲ့​ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့​ ​လျှောက်ထား​သူ​တွေလည်း​ မ​လေး​ရှား​မှာ ရှိ​နေပါတယ်။ ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​ (Chin Human Rights Organization) က ဆလိုင်း​ဇာအုပ်လိန်း​ (Salai Za Uk Ling) က အဲဒီစီမံချက်ထဲမှာ အရပ်သား​အဖွဲ့​တွေပါ ပါဝင်လာမှာဖြစ်လို့​ ဒုက္ခသည်​တွေအတွက် ပိုပြီး​ စိုး​ရိမ်ရတယ်လို့​ ​ပြောပါတယ်။ “မ​လေး​ရှား​က လူ​တွေကို ဖမ်း​တဲ့​နေရာမှာ ​ရေလာလို့​ခေါ်တဲ့​ ပြည်သူ့​စစ်လို၊​ ရဲလည်း​မဟုတ်ပဲနဲ့​ အရပ်သား​ပဲလုပ်ထား​တဲ့​ သူ​တွေရှိတယ်။ ​ရေလာကဖမ်း​တဲ့​နေရာမှာ ပြဿနာဖြစ်တာက မှတ်ပုံတင်ကိုင်ထား​တဲ့​လူ​တွေ ယူအန်အိပ်ခ်ျစီအာ ကတ်ကိုင်ထား​တဲ့​သူ​တွေ၊ ပတ်စပို့​ကိုင်ထား​တဲ့​ နိုင်ငံခြား​သား​တွေ မြန်မာပြည်သား​မဟုတ်တဲ့​ နိုင်ငံခြား​သား​တွေပဲ။ သူတို့​က လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ အများ​ကြီး​လုပ်ထား​တယ်။ ကတ်ပါတဲ့​သူ​တွေကို ဖမ်း​ပြီး​တော့​ ကတ်​တွေကို ဖွက်ထား​ပြီး​တော့​ တရား​မဝင်ပါဆိုပြီး​ ဖမ်း​ထား​တဲ့​သူ​တွေ အများ​ကြီး​ရှိတယ်။ အဲဒါ​ကြောင့်​ အခုစိုး​ရိမ်​နေတာလည်း​ မ​လေး​ရှား​က အခုလိုမျိုး​ စစ်ဆင်​ရေး​ပြန်လုပ်လို့​ ရှိရင် အဖမ်း​ခံကြရမယ့်​သူ​တွေက နည်း​မှာမဟုတ်ဘူး​။” မြန်မာဒုက္ခသည်​တွေထဲမှာ ချင်း​တွေက အများ​စုဖြစ်တာ၊​ ချင်း​ပြည်နယ်မှာ လည်း​ လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေ​တွေ မတိုး​တက်​သေး​တာကို ​ထောက်ပြပြီး​ အကယ်၍ ဒုက္ခသည်​တွေ ဖမ်း​ဆီး​ပြန်ပို့​ခံရရင် မြန်မာပြည်ဘက်မှာ အကျဉ်း​ချခံရတာ၊​ သို့​မဟုတ် ညှဉ်း​ပန်း​နှိပ်စက်ခံရမှာကို စိုး​ရိမ်တယ်လို့​လည်း​ ဆိုပါတယ်။ မြန်မာဒုက္ခသည်များ​အဖွဲ့​အဖွဲ့​ရဲ့​ ဥက္ကဋ္ဌ ဦး​မောင်လှက လွန်ခဲ့​တဲ့​ နှစ်ရက်တုန်း​က​တော့​ မ​လေး​ရှား​မှာ ရှိတဲ့​ ကုလသမဂ္ဂ ဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ရုံး​က သူတို့​ အကူအညီ​ပေး​နိုင်တဲ့​အ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ ဒုက္ခသည်​တွေကို ရှင်း​ပြခဲ့​တယ်လို့​ ​ပြောပါတယ်။ “သူတို့​လုပ်​ပေး​နိုင်တယ်ဆိုတာက တချို့​လူ​တွေက မှတ်ပုံတင်မရ​သေး​ဘူး​။ ကွန်မြူနတီကတ်​တွေ ကိုင်ထား​တယ်။ အဲဒီကတ်​တွေ ကိုင်ထား​တဲ့​သူ​တွေနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​က အကာအကွယ် လုပ်​ပေး​နိုင်တယ်၊​ တကယ်လို့​ အဖမ်း​အဆီး​ဖြစ်လာရင် ဒီလူ​တွေက ယူအန်အိပ်ခ်ျစီအာရဲ့​ မှတ်ပုံတင်ကို ​စောင့်​နေတဲ့​ ဒုက္ခသည်​တွေပါဆိုပြီး​တော့​ သူတို့​အကူအညီ​ပေး​နိုင်ပါတယ်။ ရပြီး​သား​လူ​တွေက​တော့​ သက်​သေခံအ​ထောက်အထား​ရှိတဲ့​အတွက် သိပ်​ပြောစရာမလိုဘူး​။ ဒါ​ပေမယ့်​ သူတို့​ရဲ့​ 6Ps ပရိုဂမ်မှာ ဒုက္ခသည်​တွေက လက်​ဗွေ နှိပ်ရတယ်​လေ။ အဲ​တော့​ ဒုက္ခသည်ပဲ ဖြစ်ဖြစ်၊​ ​ရွှေ့​ပြောင်း​လုပ်သား​ပဲဖြစ်ဖြစ် အား​လုံး​ဟာ 6Ps ပရိုဂရမ်မှာ ပူး​ပေါင်း​ပါဝင်ပြီး​တော့​ လက်​ဗွေနှိပ်ရပါမယ်။ ဖမ်း​တဲ့​အခါမှာ စစ်​ဆေး​လို့​မိရင် သူတို့​ပြန်ပို့​မယ်တဲ့​။” လေး​ရှား​မှာ မြန်မာတိုင်း​ရင်း​သား​ ဒုက္ခသည်အဖွဲ့​အစည်း​ပေါင်း​ ၃၀ ​ကျော်ရှိပြီး​ UNHCR က အသိအမှတ်ပြုမခံရသူ တချို့​ဟာလည်း​ သက်ဆိုင်ရာအဖွဲ့​အစည်း​တွေက ထုတ်​ပေး​တဲ့​ ကွန်မြူနတီကတ်လို့​ ​ခေါ်တဲ့​ ကတ်ပြား​တွေကို ကိုင်ထား​ကြပါတယ်။ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကလည်း​ နှစ်နိုင်ငံအစိုး​ရ​တွေကြား​ သ​ဘောတူညီချက်အရ မ​လေး​ရှား​ ထိန်း​သိမ်း​ရေး​စခန်း​တွေမှာရှိတဲ့​ မြန်မာနိုင်ငံသား​ တ​ထောင်ဝန်း​ကျင်ကို မြန်မာပြည်ဘက်ကို ပြန်ပို့​ဖွယ်ရှိပါတယ်။ အစီအစဉ် ဘယ်​တော့​စမလဲဆိုတာ မသိရ​သေး​ခင်မှာ မ​လေး​ရှား​မှာရှိတဲ့​ ကုလသမဂ္ဂ ဒုက္ခသည်များ​ ဆိုင်ရာမဟာမင်း​ကြီး​ရုံး​နဲ့​ လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေက ကန့်​ကွက်မှု​တွေလည်း​ ထွက်​ပေါ်​နေပါတယ်။ ဒီလို ကန့်​ကွက်​နေတဲ့​ကြား​မှာပဲ တရား​မဝင်သူ​တွေကို ဖမ်း​ဆီး​ပြန်ပို့​မယ့်​ အစီအစဉ် ​ပေါ်လာတာပါ။

A d v e r t i s e m e n t With Us

More News
Up