ညောင်လေးပင်မြို့နယ်တွင် ရှေးဟောင်းဘုရားဆင်းတုတော်များ တွေ့ရှိ
DVB
·
September 8, 2016
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အလယ်ရွာကျေးရွာ ဝေဠုဝန်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ ပြိုကျနေသော စေတီတော်ကို ပြန်လည် ပြုပြင် တည်ဆောက်ရာမှ ရှေးဟောင်းဘုရားဆင်းတုတော်တွေကို စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ ပါတယ်။
စေတီဟောင်းပေါ်မှာ ပေါက်နေတဲ့ နပဲပင်ကို ခုတ်ထွင်ရှင်းလင်းရာကနေ ရွှေသားအတိ ဉာဏ်တော် ၄ လက်မ အရွယ်ရှိတဲ့ ဆင်းတုတော် ၁ ဆူ ငွေသားအတိ ဉာဏ်တော် ၄ လက်မ အရွယ်ရှိတဲ့ ဆင်းတုတော် ၈ ဆူ ငွေသားအတိ ဉာဏ်တော် ၆ လက်မ ဆင်းတုတော် ၂၈ ဆူ ငွေသားအတိ ဉာဏ်တော် ၁၀ လက်မ ဆင်းတုတော် ၂ ဆူလို့ ယူဆရတဲ့ဉာဏ်တော် ၃ လက်မ ဆင်းတုတော် ၇၆ ဆူ တွေ့ရှိခဲ့ရတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးခေမာစာရက ပြောပါတယ်။
ဘုန်းတော်ကြီးကျောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်များစွာထဲက တည်ဆောက်ထားတဲ့ ရှေးဟောင်း ကျောင်းတော်ကြီးဖြစ်ပြီး အဆိုပါဘုန်းတော်ကြီးကျောင်းဝန်းထဲတွင် ပြိုကျနေတဲ့ စေတီပေါင်း ၆ ဆူ ရှိပြီး အဲဒီ စေတီတွေကို ဆက်လက် ပြုပြင်တည်ဆောက်သွားမယ်လို့ သိရပါတယ်။