DVB Logo
Home
မြန်မာသတင်း
အာဆီယံ ထိပ်သီးအစည်းအဝေးများ ဆက်လက်ကျင်းပ (ဓာတ်ပုံ)
DVB
·
September 7, 2016
အာဆီယံ ထိပ်သီးအစည်းအဝေးများ ဆက်လက်ကျင်းပ (ဓာတ်ပုံ)
1 / 8
Donate to DVB

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို ဆက်လက် ကျင်းပနေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေပါတယ်။

ဒီနေ့မနက် ၈း၃၀ နာရီကနေ ၁၂း၃၀ နာရီအထိ (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (သီးသန့်) (ASEAN Summit – Retreat)၊ ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးနဲ့ ၂၅ နှစ်မြောက် အာဆီယံ-တရုတ်ဆွေးနွေးဘက် ဆက်ဆံရေး အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်း အဝေးတွေ ကျင်းပနေပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း အဆိုပါ ထိပ်သီးအစည်းအဝေးတွေကို ပါဝင်တက်ရောက်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့နဲ့လည်း ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ- မြန်မာကိုယ်စားလှယ်အဖွဲ့

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013