Home
မေးမြန်းခန်း
ကေအိုင်အိုဌာနချုပ်ကို အစိုး​ရတပ် ၁၆ ရင်း​ ချဉ်း​ကပ်​နေ
အေးနိုင်
·
October 20, 2011
တရုတ်- မြန်မာနယ်စပ်က ​ကေအိုင်အိုဌာနချုပ်ကို ထိုး​စစ်အတွက် အစိုး​ရဘက်က စစ်​ကြောင်း​နှစ်​ကြောင်း​နဲ့​ ထိုး​နေတာ​ကြောင့်​ တိုက်ပွဲ​တွေဖြစ်ပွား​နေသလို ဒီက​နေ့​တော့​ အစိုး​ရ တပ်ရင်း​ ၁၆ ရင်း​ဟာ ကချင်ပြည်နယ် ​ကေအိုင်အို လိုင်ဇာဌာနချုပ်နဲ့​ ဆယ်မိုင်ဝန်း​ကျင်အကွာမှာ ​ရောက်ရှိ ချဉ်း​ကပ်ထား​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။ မ​နေ့​က တရက်တည်း​တင် အစိုး​ရတပ်နဲ့​ ​ကေအိုင်အိုအကြား​ တိုက်ပွဲ ၁၂ ပွဲ ဖြစ်ပွား​ခဲ့​ရာမှာ အများ​စုဟာ ​ကေအိုင်အိုလိုင်ဇာဌာနချုပ်ဆီ ဦး​တည်လာတဲ့​တပ်​တွေနဲ့​ ဖြစ်ပွား​တာလို့​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။ ဒီအ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ ဦး​လနန်း​ကို ​မေး​မြန်း​ထား​ပါတယ်။ လိုင်ဇာနား​ကို အစိုး​ရတပ်​တွေ ချီလာပြီလို့​ ကြား​တယ် ဟုတ်ပါသလား​။ “လိုင်ဇာအနီး​နား​မှာ ​ရောက်​နေတဲ့​ တပ်​တွေရှိသလို လိုင်ဇာထဲ ဝင်လာ​အောင် လမ်း​ကြောင်း​ ​ဖောက်​နေတဲ့​တပ်​တွေလည်း​ ရှိတယ်ခင်ဗျ။ ကား​လမ်း​ကြောင်း​ကို စိုး​မိုး​နိုင်​အောင် လုပ်​နေတဲ့​ အဖွဲ့​တွေလည်း​ ရှိတယ်ခင်ဗျ။ လိုင်ဇာနား​ကို ကပ်တဲ့​ အစိုး​ရတပ်​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ကေအိုင်အို ဘက်က​နေ ဘယ်လိုမျိုး​ ပြင်ဆင်ထား​ပါသလဲ။ ​ပြောပြ​ပေး​ပါလား​။ လိုင်ဇာနား​ကို ဆိုတာထက် လိုင်ဇာကို သူတို့​ ချဉ်း​ကပ်နိုင်​အောင် ကြိုး​စား​နေတဲ့​ စစ်​ကြောင်း​တွေပါ။ စစ်​ကြောင်း​က​တော့​ ၂ ​ကြောင်း​ ​တွေ့​ရတယ်ခင်ဗျ။ ပထမတ​ကြောင်း​က ဝိုင်း​မော်က​နေ ဝင်လာတဲ့​ စစ်​ကြောင်း​ပေါ့​။ အဲဒီစစ်​ကြောင်း​မှာ အဓိက တပ်အင်အား​က ခလရ ၂၉၀ နဲ့​ ခမရ ၃၉၀ ။ အင်အား​က​တော့​ ၃၀၀ ​လောက် ရှိမယ်။ ဂါး​ရာယန်လည်း​ တိုက်ပွဲဖြစ်တယ်။ အခုလည်း​ ဖြစ်တုန်း​ပဲ။ သူတို့​ရဲ့​ အဓိကရည်ရွယ်ချက်က ဝိုင်း​မော်က​နေ လိုင်ဇာကို ​ပေါက်တဲ့​ ကား​လမ်း​ပေါ်မှာ ပြန်ပြီး​တော့​ စိုး​မိုး​မှုရ​အောင်လို့​ ကြိုး​စား​တဲ့​ အစီအစဉ်​လေး​ပါ။ အဲဒီဟာက စစ်​ကြောင်း​တခု​ပေါ့​နော်။ နောက်တခုက နမ့်​ဆန်ယန် မှာ ဝင်လာတဲ့​စစ်​ကြောင်း​။ အဲဒီစစ်​ကြောင်း​က​တော့​ မြစ်ကြီး​နား​က​နေ ဧရာဝတီမြစ်အတိုင်း​ စုန်ဆင်း​ပြီး​မှ တာ​လောကြီး​နား​မှာ ဧရာဝတီမြစ်ရဲ့​ အ​ရှေ့​ဘက်ကမ်း​ကို စက်​လှေနဲ့​ ပြန်ကူး​တယ်။ ပြန်ကူး​ပြီး​တော့​ အဲဒီတာ​လောကြီး​က လွင်ပြင်တခုကို ဖြတ်ပြီး​ နမ့်​ဆန်ယန် ဘက်ကို ဝင်တယ်။ အဲဒီလို ဝင်လာတဲ့​အခါမှာလည်း​ ကြား​မှာ တိုက်ပွဲ​တွေ အကြိမ်​ပေါင်း​များ​စွာ ဖြစ်တဲ့​အတွက်​ကြောင့်​ နမ့်​ဆန်ယန်ကို ​ရောက်အခါမှာ တပ်အင်အား​ ချည့်​နဲ့​သွား​တာမျိုး​၊​ စား​နပ်ရိက္ခာ​တွေ လက်နက်ခဲယမ်း​မီး​ကျောက်​တွေ ကုန်ဆုံး​သွား​တာမျိုး​ရှိတယ်။ ဒါ​ပေမယ့်​ နမ့်​ဆန်ယန်မှာ အခုကို တပ်အင်အား​ ၃၀၀ အထက် ရှိတယ်ခင်ဗျ။ အဲဒီတပ်ရင်း​တွေက​တော့​ ခလရ ၁၂၁ နဲ့​ ခမရ ၃၈၄ ဖြစ်ပါလိမ့်​မယ်။ (နမ့်​ဆန်ယန်) က ကျ​နော်တို့​ ​ကေအိုင်အို လိုင်ဇာနဲ့​ ၁၀ မိုင်​ကျော်​ကျော်ပဲ ​ဝေး​တယ်။ ချုပ်​ပြောရမယ်ဆိုရင် အစိုး​ရတပ်​တွေက အခုပွင့်​လင်း​ရာသီ ကာလမှာ တက်လာတဲ့​ အ​နေအထား​အရ ​ကေအိုင်အိုရဲ့​ လိုင်ဇာဌာနချုပ်ကို ခြိမ်း​ခြောက်နိုင်တဲ့​ အဆင့်​လောက်အထိကို သတ်မှတ်လို့​ရပြီလား​။ “အဲဒါက​တော့​ ​ပြောလို့​တော့​ ရပါတယ်။ အခု သူတို့​ရောက်လာတဲ့​ တပ်ရင်း​တွေက အား​လုံး​ ၁၆ ရင်း​ ရှိတယ်။ စာရင်း​အရ​ပေါ့​။ ​ကေအိုင်အို ဌာနချုပ်ကို ချဉ်း​ကပ်လာတဲ့​ တပ်ရင်း​လို့​ ​ပြောလို့​ရတယ်။ အား​လုံး​ပေါင်း​လိုက်မယ်ဆိုရင် တပ်အင်အား​ တ​ထောင်​ကျော်သွား​ပြီ။ ​နောက်ထပ်လည်း​ ထပ်လာဖို့​ အစီအစဉ် ရှိ​သေး​တယ်။ အဓိကက​တော့​ အခု​ရောက်​နေတဲ့​ တပ်ရင်း​ ၁၆ ရင်း​က​တော့​ သူတို့​ရဲ့​ စစ်ဆင်​ရေး​အတွက် လမ်း​ကြောင်း​ကို ရှင်း​လင်း​ဖို့​ ​ရောက်လာတဲ့​ တပ်ဖွဲ့​တွေပါ။ ​ရှေး​ဦး​ တပ်ဖွဲ့​လို့​ ​ပြောရမှာ​ပေါ့​နော်။ ​နောက်ထပ်လာဖို့​ အစီအစဉ်​တွေလည်း​ ရှိပါတယ်။ ပွင့်​လင်း​ရာသီ စလာတဲ့​အမျှ လမ်း​ကြောင်း​ရှင်း​လင်း​ရေး​ လုပ်ပြီး​တဲ့​အခါမှာ ​နောက်က​နေ ​မော်​တော်ယာဉ်​တွေ၊​ စစ်ကား​တွေ၊​ အ​မြောက်​လေယာဉ်​တွေနဲ့​ လာဖို့​ အစီအစဉ် ရှိတယ်ခင်ဗျ။ အဲဒါ ဗန်း​မော်မှာလည်း​ အဆင်သင့်​ လုပ်ထား​တယ်။ မြစ်ကြီး​နား​မှာလည်း​ အဆင်သင့်​ လုပ်ထား​တယ်။ ​ပေါ်တာ​တွေ ​တော်​တော်စု​နေကြတယ်။ အဲဒီအဆင့်​တွေက​တော့​ ဒုတိယအဆင့်​တွေလို့​ ​ပြောရမှာ​ပေါ့​။ ဒုတိယအဆင့်​က​နေ ပထမအဆင့်​ဖြစ်တဲ့​ လမ်း​ကြောင်း​ရှင်း​လင်း​ရေး​ ကိစ္စ ပြီး​သွား​တဲ့​အခါမှာ အဲဒီအဖွဲ့​ဟာ စစ်ဆင်​ရေး​အတွက် အဆင်သင့်​ဖြစ်​အောင် ကြိုး​စား​နေတယ်လို့​ ခန့်​မှန်း​ရတယ်။ ​နောက်တခု ကျ​နော်သုံး​သပ်မိတာ အဲဒီစစ်​ကြောင်း​တွေဟာ လမ်း​ကြောင်း​တွေ ပွင့်​သွား​ပြီး​မှ သူတို့​ရောက်လာ​တော့​မယ် ဆိုရင်​တော့​ ​ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာကို စစ်အင်အား​နဲ့​ ခြိမ်း​ခြောက်ပြီး​မှ သူတို့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုကို ပြန်ပြီး​တော့​ အစ​ဖော်လာနိုင်တယ်လို့​ သုံး​သပ်နိုင်တယ်ခင်ဗျ။” ကေအိုင်အိုဘက်က​ရော ဒီလိုအ​ပေါ်မှာ တုံ့​ပြန်ဖို့​အတွက် အဆင့်​ ဘယ်နှဆင့်​လောက် ခွဲပြီး​တော့​ ​ဆောင်ရွက်​နေပါသလဲ။ ​ကေအိုင်အို ဌာနချုပ်ကို ခြိမ်း​ခြောက်တာ ဒီနှစ်ကာလက အ​စောဆုံး​ ကာလဆို​တော့​လေ ဘယ်လိုမျိုး​ ​ပြောလို့​ရလဲ။ “ကျ​နော်တို့​က​တော့​ ​ရောက်လာတဲ့​ စစ်​ကြောင်း​တွေကို ဒီနား​က​နေပြီး​တော့​ ကြား​ဖြတ်တိုက်ခိုက်တာ​တွေ လုပ်​နေကြတာပါ။ လမ်း​ကြောင်း​ရှင်း​တဲ့​အဖွဲ့​ကိုလည်း​ လမ်း​ကြောင်း​ရှင်း​တဲ့​လုပ်ငန်း​ မဖြစ်လာ​အောင် သူတို့​ရဲ့​စီမံချက် မ​အောင်မြင်​အောင် ကျ​နော်တို့​က တိုက်ခိုက်​နေမှာပဲ။ ထူး​ထူး​ခြား​ခြား​ အစီအစဉ်​တော့​ မရှိပါဘူး​။သူတို့​ ဝင်လာတဲ့​ တပ်ဖွဲ့​တွေဆိုရင် ကျ​နော်တို့​ ထိပ်တိုက်​တွေ့​ကြမှာပဲ။ အခု ကျ​နော်တို့​ဘက်က သူတို့​ဘက်ကိုဝင်တာ မဟုတ်ဘဲ။ သူတို့​က ကျ​နော်တို့​ စိုး​မိုး​ထား​တဲ့​ဘက်ကို ဝင်လာတယ်ဆိုရင် ဖြစ်တဲ့​နည်း​နဲ့​ တိုက်ထုတ်ရမယ်ခင်ဗျ။” အခု ​ကေအိုင်​အေက တပ်မဟာ ဘယ်ခွင်​တွေမှာ ဦး​စီး​ပြီး​တိုက်​နေသလဲခင်ဗျ။ “အဲဒါက​တော့​ ခုနက ​ပြောသလိုပဲ။ သူတို့​ဝင်လာတဲ့​ဘက်မှာ တိုက်ပွဲဖြစ်မှာပါ။ အခု သုံး​သပ်ကြည့်​တဲ့​အခါမှာ မ​နေ့​က တိုက်ပွဲ​ပေါင်း​ ၁၂ ကြိမ်ဖြစ်တယ်ခင်ဗျ။ အဲဒီထဲက ၁၀ ကြိမ်က တပ်မဟာ ၅ ဧရိယာခွင်ထဲမှာ ဖြစ်သွား​တယ်။ တပ်မဟာ ၅ ဧရိယာခွင်က လိုင်ဇာတည်ရှိရာ ​ဒေသလည်း​ ပါတယ်ခင်ဗျ။ အဲဒီ​တော့​ ဒီဗဟို​ဒေသကို ချဉ်း​ကပ်လာတဲ့​ တပ်ဖွဲ့​ဝင်​တွေ ​တော်​တော်များ​များ​က တိုက်ပွဲ ဖြစ်တယ်လို့​ အဲဒီမှာ သုံး​သပ်လို့​ရတယ်။ တခြား​တပ်မဟာ ၄ မှာလည်း​ တိုက်ပွဲ​တွေ ဖြစ်တယ်။ တပ်မဟာ ၃ ဘက်မှာလည်း​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ မ​နေ့​က ဖြစ်သွား​တဲ့​ ဖြစ်စဉ်က ဗဟိုဌာန ဧရိယာ​ပေါ့​။” တဘက်မှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​တယ်၊​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံပွဲ​တွေ လုပ်တယ်ဆိုပြီး​တော့​ ဒီအစိုး​ရအ​ပေါ်မှာ အ​ကောင်း​မြင်တဲ့​ ကိစ္စ​တွေက ရှိ​နေသလို တဖက်ကလည်း​ စစ်​ရေး​အရ တိုင်း​ရင်း​သား​လက်နက်ကိုင် အင်အား​စုကို ဒီလိုမျိုး​ တိုက်​နေတာနဲ့​ ပတ်သက်ပြီး​တော့​ ​ကေအိုင်အိုဘက်က​နေ ဘယ်လိုမျိုး​ သုံး​သပ်ချင်ပါသလဲ။ “သူတို့​ လုပ်တယ်ဆိုတာ (နိုင်ငံ​ရေး​) ကစား​ဖို့​ သက်သက်လုပ်တဲ့​ ကိစ္စတခုပါ။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်တယ်ဆိုတာကလည်း​ ​ခေါင်း​စဉ်တပ်ပြီး​ နိုင်ငံတကာက အပြုသ​ဘော​ဆောင်​အောင်၊​ မြင်လာ​အောင် လုပ်တဲ့​ လုပ်ကွက်​တွေပါပဲ။ အမှန်တကယ်က အဆုံး​ထိ ပွင့်​ပွင့်​လင်း​လင်း​ ဖြစ်တဲ့​ကိစ္စ မရှိပါဘူး​။ အဲဒီလို တဖက်မှာ လုပ်​နေတဲ့​အချိန်မှာ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကို တိုက်ခိုက်တာ အာရုံ​ပြောင်း​ချင်လို့​ တခြား​ကိစ္စ​တွေကို လွှတ်​တော်က ​ပြောတာမျိုး​၊​ နိုင်ငံတကာကို ပြချင်တဲ့​ အကျဉ်း​သား​လွှတ်တာမျိုး​ လုပ်တာပါ။ အမှန်တကယ်က သူတို့​ စီမံချက် ရှိပြီး​သား​ပါ။ နိုင်ငံတကာက​နေ အစိုး​ရသစ်အ​ပေါ်မှာ အပြုသ​ဘောဆန်လာဖို့​ လုပ်​ပေမယ့်​ သူတို့​ရဲ့​ လုပ်​ဆောင်မှု အသီး​သီး​ဟာ ဆိုရင် အခုနှစ်​တွေတင်မဟုတ်ပါဘူး​ အရင်လွန်ခဲ့​တဲ့​ နှစ်​တွေ အသုံး​ပြုခဲ့​တဲ့​ နည်း​ဟောင်း​လေး​ပါ။ အခုလည်း​ သူတို့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကို စစ်​ရေး​နဲ့​ပဲဖြစ်ဖြစ်၊​ နိုင်ငံ​ရေး​နဲ့​ပဲဖြစ်ဖြစ် လုံး​ဝ ​ခေါင်း​မ​ထောင်နိုင်​အောင် ဖိနှိပ်ထား​ဖို့​ သူတို့​ ရည်ရွယ်ချက် ရှိတာပါ။ အခု​နောက်ပိုင်း​ နိုင်ငံတကာကလည်း​ တိုင်း​ရင်း​သား​ကိစ္စ​တွေကို ​ပြောလာတာရှိတယ်။ ဒါ​တွေက ​ကောင်း​တယ်လို့​ ထင်တယ်။ မြန်မာပြည်တွင်း​ အ​ခြေအ​နေက တိုင်း​ရင်း​သား​ကိစ္စက အဓိကလို့​လည်း​ ​ပြောလို့​ရတယ်ခင်ဗျ။ ဒီတိုင်း​ရင်း​သား​ကိစ္စသာ ​ပြေလည်မှု မရှိရင်​တော့​ ပြည်တွင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ဘယ်​လောက်လွှတ်တယ် ​ပြော​ပြော နိုင်ငံ​ရေး​၊​ စစ်​ရေး​က​တော့​ စိုး​ရိမ်စရာ အများ​ကြီး​ ရှိတယ်။ ဒါ​ကြောင့်​မို့​ တိုင်း​ရင်း​သား​ကိစ္စ အ​ရေး​ကို​တော့​ အထူး​ ဦး​စား​ပေး​ပြီး​တော့​ နိုင်ငံတကာကလည်း​ ဒါကို ရှုမြင်ပြီး​မှပဲ ​ပြောသင့်​တာကို ဝင်​ပြောတာမျိုး​ လုပ်သင့်​တယ်လို့​ ထင်တယ်ခင်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024