အချုပ်ကားတစီး တိမ်းမှောက်၊ ၁ ဦးသေဆုံး (သတင်းဓာတ်ပုံ)

ပြည်ထောင်ကနေ အချုပ်သား ၂၅ ဦးကို သရက်ထောင်ပို့ဖို့ တင်ဆောင်လာတဲ့ အချုပ်ကားတစီး ပဲခူးတိုင်းဒေသကြီး ကံမ-ပြည် လမ်းပေါ်မှာ တိမ်းမှောက်ခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။ စက်တင်ဘာ ၇ ရက် မနက် ၅ နာရီဝန်းကျင်လောက်က သရက်မြို့အသွား လမ်းပေါ်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ရဲမေ ၄ ဦး၊ ရဲတပ်သား ၂ ဦးနဲ့ အချုပ်သမ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ရဲတပ်သား ၁ ဦးကတော့ စိုးရိမ်ရပြီး ကျန်သူတွေက သိပ်မစိုးရိမ်ရဘဲ အချုပ်သမ ၁ ဦးကတော့ လမ်းမှာပဲ သေဆုံးသွားတယ်လို့ ယူဆရကြောင်း လူနာတင်ယဉ်နဲ့ သွားရောက်ကူညီတဲ့ မိုးမေတ္တာပရဟိတအဖွဲ့မှ ဦးစောက ပြောပါတယ်။ ဖြစ်ပွားတဲ့နေရာဟာ န၀ဒေးတံတားအလွန် မိုင်တိုင်အမှတ် ၂၃ မိုင်နဲ့ ၂၃ မိုင် ၁ ဖာလုံအကြားက တောင်အတက်ကွေ့မှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို မိုးမေတ္တာပရဟိတအဖွဲ့က လူနာတင်ယာဉ်တွေနဲ့ ပြည်ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up