အစ္စရေးတွင် ဆောက်လုပ်ဆဲ ယာဉ်ရပ်နားစခန်းပြိုကျ၊ လူ ၂ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ စက်တင်ဘာ ၅ ရက်နေ့က ဆောက်လုပ်ဆဲ ယာဉ်ရပ်နားစခန်းတခု ပြိုကျခဲ့ပြီး လူ ၂ ဦး သေဆုံးတယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မတော်တဆမှုတခုကနေ ဆောက်လုပ်ရေးဝန်ချီစက် ပြိုကျပြီး အဲ့ဒီကနေ ဆောက်လက်စအထပ်တွေ အားလုံး ပြိုကျခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး ကြိုးပမ်းနေကြသလို ဒဏ်ရာရသူ အယောက် ၂၀ ကို ဆေးကုသထားပြီး ပျောက်ဆုံးနေသူ ၇ ဦးကို အရေးပေါ်ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။ အခုပြိုကျခဲ့တဲ့ အဆောက်အဦဟာ အစ္စရေးနည်းပညာကုမ္ပဏီ အများအပြား အခြေစိုက်တဲ့ တဲလ်အဗစ်မြို့ မြောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဒေသခံ မီးသတ်တပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အဆောက်အဦပျက်တွေကြားမှာ ပိတ်မိနေတဲ့သူတွေကို ရှာဖွေကယ်ဆယ်နေကြပါတယ်။ ပတ်ဝန်းကျင်အဆောက်အဦတွေပါ လိုက်ပြီး ပြိုကျမှာ စိုးရိမ်တဲ့အတွက် အဲဒီပတ်ဝန်းကျင်မှာ နေထိုင်သူတွေကိုလည်း ရဲတပ်ဖွဲ့က နေရာပြောင်းရွှေ့ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up