စည်းကမ်းပျက်ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲအင်အား မလုံလောက်
အာကာ
·
September 5, 2016
ရန်ကုန်တိုင်းဒေသကြီးထဲက စည်းကမ်းပျက်ယာဉ်တွေကို စီမံချက်နဲ့ ဖမ်းဆီးရာမှာ ယာဉ်ထိန်းရဲ အင်အား မလုံလောက်တာကြောင့် လမ်းအားလုံးမှာ မဖမ်းဆီးနိုင်သေးဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့က တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဦးသန်းဝင်းက “ယာဉ်ထိန်းအင်အားမလုံလောက်လို့ လမ်းအားလုံးမှာ မဖမ်းနိုင်သေးဘူး။ အဓိကလမ်း ၁၁ လမ်းမှာ ဖမ်းဆီးတာတွေ လုပ်နေတယ်။ ဒီလမ်းတွေကိုလည်း လျှို့ဝှက်ထား တယ်။ ဒီလမ်းတွေမှာ ဖမ်းနေတဲ့အရှိန်နဲ့ တခြားလမ်းတွေမှာလည်း ရှိန်သွားအောင်လို့ပါ။ ဖမ်းရမယ့် စည်းကမ်းထိန်းသိမ်းရမယ့် အမှုတွေကတော့ အများကြီးပဲ။ အခုထိ ကျနော်ကိုယ်တိုင်လည်း အပြင်မှာ တွေ့နေရတုန်းပဲ”လို့ ပြောပါတယ်။
ဒီစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ရဲ့ အစီအမံ နဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။
အမှတ်၆ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းမြင့် က ‘အရင်ကဆို ပုဂ္ဂလိကအဖွဲ့အစည်း အနေနဲ့လုပ်နေတာဆိုတော့ ယာဉ်မောင်း ယာဉ်နောက်လိုက်တွေက မလေးစားတဲ့ ပုံစံမျိုးတွေ ရှိတယ်။အခုက အစိုးရက အာဏာပိုင်အဖွဲ့အနေနဲ့ ရပ်တည်ပေးထားတဲ့အတွက် စည်းကမ်းမဲ့ တာတွေ လျော့သွားမှာပါ´လို့ ပြောပါတယ်။
စီမံချက်အနေနဲ့ ယာဉ်နှစ်ထပ်ရပ်တာ၊ လမ်းပြောင်းပြန်မောင်းတာ စတာတွေအပြင် လိုင်စင်တွေ စစ်ဆေးတာ၊ Alchohole စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။