ဇီကာရောဂါ ပြည်တွင်းရောက်မလာစေရန် ကြိုတင်ကာကွယ်စောင့်ကြည့်နေ
DVB
·
September 5, 2016
အိမ်နီးချင်းနိုင်ငံတွေအထိ ပျံ့နှံ့လာတဲ့ ဇီကာရောဂါ ပြည်တွင်းကို ရောက်မလာစေဖို့ အတွက် ကြိုတင်ကာကွယ်စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။
ကာကွယ်ကုသဖို့ ဆေးမရှိသေးတဲ့ ဇီကာရောဂါ မြန်မာပြည်တွင်းကို ရောက်မလာစေဖို့ အတွက် နိုင်ငံတကာဝင်ပေါက်တွေမှာ စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။
ဇီကာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ် ပြဿနာအဖြစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့တာပါ။
လက်ရှိမှာတော့ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ ကူးစက်ခံရသူတွေ ရှိလာနေပြီ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေမှာ ရောဂါကူးစက်ခံရရင် ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ ကလေးတွေ မွေးဖွားတတ်ပါတယ်။ ဇီကာပိုးကို သယ်ဆောင်နိုင်တဲ့ခြင်ဟာ မြန်မာနိုင်ငံမှာ ရှိနေတာကြောင့် ရောဂါပိုးရောက်လာရင် ပြန့်ပွားနိုင်ခြေ များနိုင်တဲ့အတွက် ခြင်နှိမ်နင်းရေး လုပ်ကြဖို့ ကျန်းမာရေး ဦးစီးဌာနက နှိုးဆော်ထားပါတယ်။