Home
မြန်မာသတင်း
တရုတ်နိုင်ငံသားတဦးအပါဝင် ပြည်သူ့စစ်အယောင်ဆောင်များကို ဖမ်းမိ
DVB
·
September 4, 2016
တရုတ်နိုင်ငံသား တဦး အပါအ၀င် ပြည်သူ့စစ်အယောင်ဆောင် ၇ဦးကို မူးယစ်ဆေး၊လက်နက်ခဲယမ်းများနဲ့ စစ်ဆေးတွေ့ရှိလို့ ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။ ဒီနေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်းမှာ LEXUS ကားနဲ့ မသင်္ကာဖွယ် လူ ၈ဦး စီးနင်းလိုက်ပါလာတာတွေ့လို့ စစ်ဆေးရာကနေ ဖမ်းမိထားတာလို့ ကျိုင်းတုံမြို့မရဲစခန်းမှု ဒုရဲမှုးဝင်းသန်းက ပြောပါတယ်။ “တရုတ်နိုင်ငံသားတယောက်ပါတယ်၊ပြည်သူ့စစ် ယူနီဖောင်းတွေ ၀တ်ထားပေမယ့် ပြည်သူ့စစ်မဟုတ်ဘူး၊သူတို့မှာ ဘာ အထောက်အထားမှ မရှိဘူး၊တွေ့တော့ မူးယစ်ဆေးပြား ၄ပြားနဲ့ တွေ့တာ၊အဲ့ဒါနဲ့ သူတို့တည်းတဲ့ဆီ လိုက်သွားရှာပြီး အမှုဖွင့် ဖမ်းထားတာ” သူတို့ ဟိုတယ်အခန်းတွေကို ရှာကြည့်တော့ စိတ်ကြွဆေးပြား လေးပြား၊ ဆေးရှူတဲ့ပြောင်း တစ်ခုနဲ့ ပွိုင့် ၂၂ ကျည် ၁၀ တောင့် ထပ်မံ တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။ အသက် ၂၂ နှစ်အရွယ် တရုတ်နိုင်ငံသား ချိန်းဟောက်နဲ့ အသက် ၁၉ ကနေ ၄၈ နှစ်အရွယ်အတွင်းရှိ မြန်မာနိုင်ငံသား ၇ ဦး၊ စုစုပေါင်း ၈ ဦးကို မူး/စိတ် အမှု၊ ပြည်သူ့စစ်အယောင်ဆောင်မှု ပုဒ်မ - ၁၇၀၊ ပို့သွင်းပုဒ်မ - ၈နှင့် လဝက ဥပဒေအရ ရဲစခန်းက အမှုဖွင့်ထားပြီး အသေးစိတ်စစ်ဆေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024