Home
မြန်မာသတင်း
မြန်မာအလုပ်သမား​များ​ကို ကာကွယ်​စောင့်​ရှောက်နိုင်ရန် မြန်မာလုပ်ငန်း​အဖွဲ့​ စေလွှတ်မည်
အေးနိုင်
·
October 19, 2011
ထိုင်း​ရောက် မြန်မာလုပ်သား​တွေ ကိုယ့်​နိုင်ငံ ပြန်စရာမလို​တော့​ဘဲ မြန်မာအစိုး​ရက ယာယီနိုင်ငံကူး​လက်မှတ်ကို ထိုင်း​နိုင်ငံအထိ လာ​ရောက် လုပ်​ပေး​တော့​မယ်လို့​ သိရပါတယ်။ မြန်မာအစိုး​ရက ထိုင်း​နိုင်ငံတွင်း​က မြန်မာလုပ်သား​တွေကို ယာယီနိုင်ငံသား​ စိစစ်​ရေး​လက်မှတ်လုပ်​ပေး​ဖို့​နဲ့​ နိုင်ငံသား​စိစစ်​ရေး​ကိစ္စ​တွေအတွက် အဖွဲ့​ငါး​ဖွဲ့​ ထိုင်း​နိုင်ငံကို ​စေလွှတ်ပြီး​ ၂၀၁၂ ဇန်နဝါရီ ၁ ရက်မှစတင်ပြီး​ လုပ်ငန်း​စတင်​တော့​မယ်လို့​ နိုင်ငံပိုင်ရုပ်မြင်သံကြား​တွေက ​ကြေညာပါတယ်။ ဒီလုပ်​ဆောင်ချက်ဟာ ထိုင်း​ရောက်မြန်မာလုပ်သား​တွေကို ကာကွယ်​စောင့်​ရှောက်ဖို့​ ဖြစ်တယ်လို့​ သတင်း​က ​ဖော်ပြပါတယ်။ အလုပ်သမား​ညွှန်ကြား​ရေး​ဦး​စီး​ဌာနကို ကိုး​ကား​ပြောဆိုတဲ့​ ဒီသတင်း​မှာ ​အောက်တိုဘာလ ၁၁ ရက်က​နေ ၁၃ ရက်​နေ့​အထိ အလုပ်သမား​ဝန်ကြီး​ဌာန ဒုတိယဝန်ကြီး​ ​ခေါင်း​ဆောင်တဲ့​ အဖွဲ့​ဟာ ထိုင်း​နိုင်ငံသို့​ သွား​ရောက်ပြီး​ ထိုင်း​နိုင်ငံ အလုပ်သမား​ ဝန်ကြီး​ဌာန ဝန်ကြီး​နဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ ခရီး​စဉ်မှာ သ​ဘောတူခဲ့​တာ ဖြစ်ပါတယ်။ အစိုး​ရသစ်လက်ထက်မှာ ဖွဲ့​စည်း​ခဲ့​တဲ့​ ပြည်ပအလုပ်အကိုင်​ကော်မတီမှာ အလုပ်သမား​ဝန်ကြီး​က ဥက္ကဋ္ဌ၊​ နယ်စပ်​ရေး​ရာဝန်ကြီး​က ဒုဥက္ကဋ္ဌ၊​ ဒုဝန်ကြီး​က အတွင်း​ရေး​မှူး​အဖြစ် ​ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။ ဒီခရီး​စဉ်အတွင်း​ ​ကော်မတီအတွင်း​ရေး​မှူး​ အလုပ်သမား​ ဒုဝန်ကြီး​ ဦး​မြင့်​သိန်း​က ခုလို​ပြောပါတယ်။ “ကျ​နော်တို့​ အခုလာညှိတဲ့​ကိစ္စ​တွေက ထိုင်း​နိုင်ငံမှာ အများ​ဆုံး​ရောက်​နေပြီး​တော့​ ကျ​နော်တို့​တိုင်း​ပြည်အတွက် တနည်း​တလမ်း​အား​ဖြင့်​ အ​ထောက်အကူ အကျိုး​ပြု​နေတာပဲ။ ဒါကို ​ဘေး​အန္တရာယ်ကင်း​ကင်း​နဲ့​ လုပ်နိုင်ဖို့​အတွက် နိုင်ငံတကာ စံချိန်စံနှုန်း​တွေနဲ့​ ​လျော်ညီ​အောင် လုပ်နိုင်ဖို့​အတွက် ရည်ရွယ်ပြီး​တော့​ ကျ​နော်တို့​ လာညှိနှိုင်း​ပါတယ်။ မကြာခင်မှာ ထိုင်း​နိုင်ငံထဲအထိ ကျ​နော်တို့​ နိုင်ငံကူး​လက်မှတ်နဲ့​ နိုင်ငံသား​စိစစ်​ရေး​ကိစ္စ​တွေကို လာ​ရောက်​ဆောင်ရွက်ပြီး​တော့​ အကာအကွယ် ​ပေး​သွား​မယ်ဆိုတဲ့​အ​ကြောင်း​ ​ပြော​ပေး​ပါခင်ဗျာ။” တဖွဲ့​ကို လူ ၈ ဦး​နှုန်း​နဲ့​ မြန်မာလုပ်ငန်း​အဖွဲ့​ ၅ ဖွဲ့​ကို မြန်မာလုပ်သား​တွေ အများ​ဆုံး​ရှိတဲ့​ ​ဒေသ​တွေကို​စေလွှတ် ​ဆောင်ရွက်မှာဖြစ်သလို မြန်မာလုပ်သား​တွေရဲ့​ အခက်အခဲ​တွေကို ထိုင်း​နိုင်ငံတွင်း​မှာပဲ ​ဖြေရှင်း​ပေး​မယ်လို့​ဆိုပါတယ်။ ဒါ့​အပြင် မြန်မာလုပ်ငန်း​အဖွဲ့​ဟာ မြန်မာလုပ်သား​တွေရဲ့​ ရပိုင်ခွင့်​တွေ၊​ လုပ်ခလစာ​တွေကို သင့်​တင့်​တဲ့​ အ​နေအထား​ ဖြစ်​အောင်လည်း​ ညှိနှိုင်း​ပေး​မယ်လို့​ သိရပါတယ်။ မြန်မာလုပ်သား​တွေ ​နေထိုင်တာများ​ပြား​တဲ့​ ​နေရာ ၄ခုမှာ ရုံး​ဖွင့်​ဆောင်ရွက်သွား​မယ်လို့​ အလုပ်သမား​ညွန်ကြား​မှုဦး​စီး​ဌာန ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်က ​ပြောပါတယ်။ “လက်ရှိအပြင် ၅ ခုထပ်ခွဲဖို့​ ကျ​နော်တို့​ ဒီမှာညှိနှိုင်း​ပါတယ်။ အထူး​သဖြင့်​တော့​ မြန်မာအလုပ်သမား​ များ​များ​စား​စား​ ရှိတဲ့​နေရာ​တွေမှာ ဖွင့်​မှာပါ။ မဟာချိုင်တို့​ စမွတ်စခွန်တို့​မှာထား​ဖို့​၊​ ​နောက်ဘန်​ကောက်မြို့​တော်ရဲ့​ ပတ်ဝန်း​ကျင်နဲ့​ မြို့​တော်မှာထား​ဖို့​ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​နဲ့​ ​တောင်ပိုင်း​မှာထား​ဖို့​ ​မျှော်မှန်း​ပါတယ်။ အခုကျ​နော်တို့​ ယာယီပတ်စ်ပို့​ ​ပေး​ထား​တယ်ဆိုတာ​တွေက အခွန်​ကောက်ခြင်း​ ကင်း​လွတ်ခွင့်​ သူတို့​ပေး​ထား​တယ်။” အလုပ်သမား​တွေရဲ့​ ဝင်​ငွေအခွန်နဲ့​ ပတ်သက်လို့​လည်း​ အခုလို ​ပြောပါတယ်။ “လတ်တ​လော​တော့​ မရှိဘူး​။ ​နောင်ဆိုရင်​တော့​ ကျ​နော်တို့​ နိုင်ငံ​တော်အစိုး​ရက ဘယ်လိုများ​ သတ်မှတ်တယ်ဆိုတာ ကျ​နော်မသိပါဘူး​။” လက်ရှိမှာ ဝန်ကြီး​ဌာနက မြန်မာလုပ်သား​တွေရဲ့​ လစာကို တ​နေ့​ ဘတ် ၂၀၀ နဲ့​ အထက်ရမှသာ စာချုပ်ချုပ်ဆို ​စေလွှတ်​နေတယ်လို့​ဆိုပါတယ်။ စာချုပ်မှာ အရင်က ထိုင်း​ဘာသာ၊​ အင်္ဂလိပ်ဘာသာနဲ့​သာ ချုပ်ရာက​နေ အခု မြန်မာစာနဲ့​ ချုပ်ဖို့​ပါ ညှိနှိုင်း​ခဲ့​တယ်လို့​ ​ပြောပါတယ်။ ဝန်ကြီး​ခရီး​စဉ် ညှိနှိုင်း​ချက်​တွေအရ လက်ရှိ နယ်စပ်သုံး​ခုမှာသာမက ရန်ကုန်မှ ​လေ​ကြောင်း​နဲ့​ မြန်မာအလုပ်သမား​တွေကို ​စေလွှတ်နိုင်​အောင် လုပ်ဆာင်​နေတယ်လို့​ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024