DVB Logo
Home
မြန်မာသတင်း
အငြိမ်း​စား​ဝန်ထမ်း​များ​ကို အဓမ္မအိမ်​ပြောင်း​ရွှေ့​ခိုင်း​နေ
DVB
·
October 19, 2011
Donate to DVB

အငြိမ်း​စား​ဝန်ထမ်း​တွေနဲ့​ ဆင်း​ရဲသား​တွေရဲ့​ အိမ်​တွေကို အာဏာပိုင်​တွေက အဓမ္မ ဖျက်ခိုင်း​နေတာ​ကြောင့်​ မိသား​စု ရာချီပြီး​ အိုး​မဲ့​အိမ်မဲ့​ဖြစ်ဖွယ် ရှိ​နေပါတယ်။

စစ်ကိုင်း​တိုင်း​ ကသာမြို့​ ရပ်ကွက် ၉ မှာရှိတဲ့​ အိမ်​ခြေ အနည်း​ဆုံး​ ၆၀ ကို အာဏာပိုင်​တွေက အဓမ္မဖျက်ခိုင်း​နေတာပါ။ အဲဒီရပ်ကွက်ဟာ ကသာက​နေ နဘား​သွား​တဲ့​လမ်း​ပေါ်မှာ ရှိတဲ့​ ရက်ကွက်ဖြစ်ပါတယ်။

အိမ်ဖျက်ခိုင်း​တာလက်မခံတဲ့​ အဲဒီရက်ကွက်က ဦး​ကျော်စိန်က “ပထမဆုံး​ ဥက္ကဋ္ဌအဆက်ဆက် ကိုမင်း​အောင်တို့​လက်ထက်ထဲမှာ ​ဆောက်ခွင့်​ပြုခဲ့​တယ်။ အခုတခါ ကိုဝင်း​ရှိန် လက်ထက်ကျ​တော့​ သူက ဒါ​တွေကို ပြန်​ကောက်​တော့​ ရည်ရွယ်ချက်က​တော့​ ​ငွေလိုချင်လို့​ပဲ။ ဒါ​ပေမယ့်​ ဒီကလူ​တွေက မ​ပေး​တော့​ အား​လုံး​ကို ပြန်ပြီး​ တရား​စွဲမယ်​ပေါ့​။ အိမ်​ခြေ​တွေလိုက်​ကောက်တယ်။ တကယ်တမ်း​ အိမ်​ခြေ​တွေ ၁၀၀ ​ကျော်ရှိတယ်။ ​ဆောက်​နေတဲ့​ ၆၀ ​လောက်ကို တရား​စွဲမယ်​ပေါ့​။

“ဘာလို့​လဲဆို​တော့​ ဗိုလ်ချုပ်ကြီး​ သာ​အေး​က ​ပြောသွား​တယ်။ အား​လုံး​အိမ်​တွေကို ဖျက်ရမယ်။ ပြီး​ရင် အိုး​အိမ်ဌာနက​နေ အိမ်​တွေ​ဆောက်ပြီး​ ပြန်​ရောင်း​မယ်​ပြော​တော့​ ကျ​နော်တို့​ဆီမှာ ဆင်း​ရဲသား​တွေ ဘယ်လိုလုပ်နိုင်မလဲ။ ကိုယ့်​အိမ်​လေး​ကိုယ်​တောင် မနည်း​ဆောက်​နေရတာ။ အဲဒါကို ပြန်​ပြောပြတဲ့​အခါ လက်မခံ​တော့​ အိမ်​တွေအား​လုံး​ဖျက်ပါ။ မဖျက်ရင်ရပ်ပါ။ မရပ်ရင် တရား​စွဲမယ်ဆိုပြီး​ အခုတရား​စွဲဖို့​ စီစဉ်​နေတာပါ။”

အဲဒီရပ်ကွက်ကို လွန်ခဲ့​တဲ့​ နှစ် ၂၀ တုန်း​က ဝန်ထမ်း​တွေနဲ့​ ဆင်း​ရဲသား​တွေကို အာဏာပိုင်​တွေက တရား​ဝင်​နေရာချ​ပေး​ခဲ့​တာလို့​ သိရပါတယ်။ လွန်ခဲ့​တဲ့​ နှစ်နှစ်တုန်း​ကလည်း​ ​မြေ​တွေကို သိမ်း​ဖို့​ ကိစ္စ တခါ​ပေါ်ခဲ့​ဖူး​တယ်လို့​ ဆိုပါတယ်။

“၂၀၀၉ ခုနှစ်မှာ သူတို့​က ​နေရာပြန်ချ​ပေး​မယ်ဆိုပြီး​တော့​ ဒီ​နေရာ​တွေကို ပြန်သိမ်း​မယ်။ ဖျက်သိမ်း​မယ်ဆိုပြီး​တော့​ ​ပြောတယ်။ ကျ​နော်တို့​ လူထု​တွေက ဘာပြန်လုပ်လဲဆို​တော့​ အကွက်ပြန်ရိုက်​ပေး​မယ်ဆို​တော့​ လွတ်တဲ့​နေရာမှာ လိုက်ပြီး​တော့​ ရိုက်​ပေး​မယ်ဆိုပြီး​ ​လျှောက်တာ လူ​ပေါင်း​ ၃၇၀၀ ရှိတယ်။ ​လျှောက်လွှာတ​စောင်ကို ၁​ထောင်နဲ့​ကောက်တာ ၃ရသိန်း​လောက် သူတို့​ယူသွား​ပြီး​တော့​ ​နေရာလည်း​မချ​ပေး​ပဲ ကိုမင်း​အောင်က ​ပြောင်း​သွား​တယ်။”

အသစ်​ပြောင်း​လာတဲ့​ ခရိုင်အုပ်ချုပ်​ရေး​မှူး​က အဲဒီရပ်ကွက်က အိမ်ပိုင်ရှင်​တွေကို အဓမ္မ​ပြောင်း​ခိုင်း​နေတာပါ။

အိမ်​တွေကို ဖျက်ခိုင်း​နေ​ပေမယ့်​ ဖျက်ပြီး​ပါက ​နေရပြန်ချထား​ပေး​မယ့်​ အစီအစဉ်မရှိတဲ့​အတွက် အိုး​မဲ့​အိမ်ဖြစ်မှာကို မိသား​စု​တွေက စိုး​ရိမ်​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013