DVB Logo
Home
မြန်မာသတင်း
ထိုင်း​ရေ​ဘေး​ဒုက္ခသည် မြန်မာအလုပ်သမား​များ​ကို မြန်မာအချင်း​ချင်း​ ကူညီ
DVB
·
October 19, 2011
ထိုင်း​ရေ​ဘေး​ဒုက္ခသည် မြန်မာအလုပ်သမား​များ​ကို မြန်မာအချင်း​ချင်း​ ကူညီ
1 / 2
Donate to DVB

ဘန်​ကောက်အထက်က အယုဒ္ဓယ ခရိုင်မှာ မြန်မာ​ရေ​ဘေး​ဒုက္ခသည်​တွေကို မြန်မာ အသိုင်း​အဝိုင်း​က ဝိုင်း​ဝန်း​ကူညီ​ထောက်ပံ့​နေပါတယ်။

အယုဒ္ဓယခရိုင်က မြန်မာ​ရေ​ဘေး​ဒုက္ခသည်​တွေကို ဘန်​ကောက်ကမြန်မာ​တွေ၊​ ပထုံဌာနီ ဝပ်တလုံး​ ဘုန်း​ကြီး​ကျောင်း​က သံဃာ​တော်​တွေနဲ့​အေပက်တက္ကသိုလ် မြန်မာ​ကျောင်း​သား​တွေက အစား​အစာ၊​ ​သောက်​ရေ လာ​ရောက်​ထောက်ပံ့​နေ တယ်လို့​ အယုဒ္ဓယက အလုပ်ရုံအလုပ်သမား​ ကိုတင်​အောင်ထွန်း​က ​ပြောပါတယ်။

"မ​နေ့​ကစပြီး​တော့​ ရခိုင်သံဃာ​တွေ ဦး​စီး​ပြီး​တော့​ မား​မား​ထုပ်၊​ အချိုရည်၊​ ​ရေသန့်​ဘူး​၊​ ​ကော်ဖီထုတ်၊​ ဓာတ်ဆား​ထုပ်​တွေ သူတို့​ဝေ​ပေး​တယ်။ ဒီ​နေ့​ တဖွဲ့​လာတယ်။ ​ကျောင်း​သား​တွေ​ပေါ့​။ ထမင်း​နဲ့​ကြက်သား​နဲ့​ချက်ထား​တာကို သူတို့​ဝေ​ပေး​တယ်။”

ဘန်​ကောက်မြို့​ ဘန့်​ဘော်ရပ်ကွက်ဇုန်က မြန်မာ​တွေကလည်း​ လှူဒါန်း​လာတဲ့​ အစား​အ​သောက်​တွေကို ဝိုင်း​ဝန်း​စု​ဆောင်း​ပြီး​ အယုဒ္ဓယနဲ့​ပထုံဌာနီက မြန်မာ​ရေ​ဘေး​ဒုက္ခသည်​တွေဆီ သွား​ရောက်ပို့​ဆောင်​ပေး​နေပါတယ်။

မြန်မာ​ရေ​ဘေး​ဒုက္ခသည်​တွေရဲ့​ အ​ခြေအ​နေနဲ့​ ရင်ဆိုင်​နေရတဲ့​ ပြဿနာကို ကူညီ​ပေး​နေတဲ့​ ကို​နေလင်း​အောင်က အခုလို ​ပြောပါတယ်။

“ဘယ်​လောက်အထိ ဒုက္ခ​ရောက်လဲဆို​တော့​ ​ရေကြီး​နေလို့​ အပြင်ထွက်တဲ့​အခါ လမ်း​တဝက်မှာ ပုလိပ်​တွေနဲ့​ ​တွေ့​ရင် ပြဿနာတက်တယ်။ ဒဏ်​ငွေရိုက်ခံရတာ​တွေဖြစ်တယ်။ ဒီသတင်း​တွေကြား​တော့​ ဘယ်မှလည်း​ မထွက်ရဲဘဲ၊​ မသွား​မလာရဲ ဖြစ်​နေကြတယ်။ အယုဒ္ဓယစက်ရုံမှာ အလုပ်လုပ်​နေတဲ့​ မြန်မာ​တွေက​တော့​ ၅ ​သောင်း​အထက်မှာရှိတယ်။ ဒုက္ခ​ရောက်လို့​သူတို့​ ဖုန်း​နံပတ်​တွေ အဆက်အသွယ်ရထား​တဲ့​ ၁ ​သောင်း​ကျော်​လောက်​တော့​ ကျ​နော့်​စာရင်း​မှာ ရှိတယ်။”

ရေ​ဘေး​ဒုက္ခသည်​တွေကို ထိုင်း​အစိုး​ရက အကူအညီ​ပေး​ရာမှာ မသမာမှု​တွေ မဖြစ်ပွား​စေရန်နဲ့​ အပိုအလိုမရှိ​အောင် ​ဆောင်ရွက်နိုင်ရန် အိမ်​ထောင်စု မှတ်ပုံတင်စာရင်း​တွေအရ ရပ်ကွက်အလိုက်​ပေး​နေခြင်း​၊​ ပုဂ္ဂလိက ပရဟိတအဖွဲ့​အစည်း​တွေရဲ့​ အကူအညီကို ရယူဖို့​လည်း​ ထိုင်း​စကား​ ​ကောင်း​မွန်စွာ မ​ပြောနိုင်ခြင်း​တို့​ကြောင့်​ မြန်မာ​ရေ​ဘေး​ဒုက္ခသည်တချို့​ အကူအညီမရရှိ​သေး​ပါ။

ထိုင်း​အစိုး​ရက ​ရေ​ဘေး​ကြောင့်​ လူ ၃၁၇ ဦး​ ​သေဆုံး​ပြီး​ ၉ သန်း​ခန့်​ရေ​ဘေး​ ဒုက္ခဒဏ်ခံ​နေရ​ကြောင်း​ ​အောက်တိုဘာလ ၁၉ ရက်​နေ့​က ထုတ်ပြန်ထား​ပါတယ်။

ဘန်​ကောက်နဲ့​နယ်နိမိတ် တဆက်တည်း​ ပထုံဌာနီက ​ရေတား​ သဲအိတ်တမံအချို့​ ပြိုကျတာ​ကြောင့်​ အ​ရေး​ပေါ်ကယ်ဆယ်​ရေး​ စင်တာရှိရာ ဒွန်​မောင်း​နဲ့​ ရန်စစ်ရပ်ကွက်ဇုန်​တွေကို ​ရေစတင်ဝင်​ရောက်​နေပြီး​ ဘန်​ကောက်မြို့​တော် အတွင်း​ကို ကာကွယ်ထား​တဲ့​ ​ရေတား​ အုတ်တမံအချို့​အပိုင်း​တွေကို ​ရေစတင်တိုက်စား​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013