A d v e r t i s e m e n t With Us

ဂြိုဟ်တုစ​လောင်း​လိုင်စင် ပြန်လုပ်​ပေး​တော့​မည်

ဂြိုဟ်တုစ​လောင်း​ လိုင်စင်​တွေ ပြန်ချ​ပေးတော့မယ်လို့​ ဒီ​နေ့​လုပ်တဲ့​ ​နေပြည်​တော် အမျိုး​သား​လွှတ်​တော်မှာ ​မေး​ခွန်း​တခုကို ​ဖြေကြား​ရင်း​ ဆက်သွယ်​ရေး​ဝန်ကြီး​က ထည့်​သွင်း​ပြောသွား​တယ်လို့​ လွှတ်​တော်တက်​နေတဲ့​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က ​ပြောပါတယ်။ “စ​လောင်း​နဲ့​ပတ်သက်တဲ့​ လိုင်စင်​တွေ သက်တမ်း​တိုး​တာ​တွေကို။ အခု ဆက်သွယ်​ရေး​ ဥပ​ဒေကြမ်း​တခုကို သူတို့​ဆွဲ​နေပါတယ်။ ​ရှေ့​နေချုပ်ရုံး​ကို တင်ထား​ပါတယ်။ အဲဒါပြီး​ရင်​တော့​ တီဗွီလိုင်စင်​တွေ တက်မယ်။ ​နောက်ပြီး​ရင် ဂြိုဟ်တုစ​လောင်း​ကြီး​တွေနဲ့​ လိုင်စင်​ကြေး​ပေး​ပြီး​တော့​ ကြည့်​လို့​ရမယ်။ သက်တမ်း​တိုး​လို့​ရမယ်။” ဂြိုဟ်တုစ​လောင်း​ကြည့်​ခွင့်​လိုင်စင်​တွေကို ၂၀၀၅ ခုနှစ်ကတည်း​က ရပ်နား​ထား​တာ ဖြစ်ပါတယ်။ တီဗွီ၊​ ​ရေဒီယိုအပါအဝင် ဂြိုဟ်တုစ​လောင်း​လိုင်စင်​ကြေး​တွေ တိုး​ကောက်ဖို့​ရှိပြီး​ ဂြိုဟ်တုစ​လောင်း​ကို​တော့​ တရား​ဝင်ကြည့်​ခွင့်​ ရ​တော့​မယ်လို့​လည်း​ ဆိုပါတယ်။ ရေဒီယို၊​ တီဗွီအပါအဝင် စ​လောင်း​တပ် အသုံး​ပြုသူ​တွေ ​တော်​တော်များ​များ​က လက်ရှိအချိန်မှာ လိုင်စင် လုပ်ပြီး​ သုံး​တဲ့​သူမရှိသ​လောက်ဘဲလို့​ ရန်ကုန်မြို့​ခံတဦး​က ​ပြောပါတယ်။ အခုလို လိုင်စင်နဲ့​ပတ်သက်တဲ့​ ဆက်သွယ်​ရေး​ဥပ​ဒေ တိတိကျကျထွက်လာရင်​တော့​ ကြိုဆိုရမှာဖြစ်တယ်လို့​လည်း​ ​ပြောပါတယ်။ လက်ရှိလိုင်စင်နှုန်း​ထား​တွေဟာလည်း​ ​ခေတ်စနစ်နဲ့​ မကိုက်ညီ​တော့​ပါဘူး​။ ​ရေဒီယိုလိုင်စင်​ကြေး​ဆိုရင် တနှစ်လုံး​မှ ကျပ်ရာဂဏန်း​ပဲ ​ပေး​ဆောင်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up