DVB Logo
Home
မြန်မာသတင်း
ဗိုလ်နားမကြားက ဆင်ထိန်းများကို ပြန်ပေးဆွဲခြင်းမဟုတ်ဟု ဒီကေဘီအေငြင်းဆို
DVB
·
September 2, 2016
ဗိုလ်နားမကြားက ဆင်ထိန်းများကို ပြန်ပေးဆွဲခြင်းမဟုတ်ဟု ဒီကေဘီအေငြင်းဆို
1 / 8
Donate to DVB

အသတ်ခံရသူ ဗိုလ်နားမကြားဟာ ဆင်ထိန်းတွေကို ပြန်ပေးဆွဲပြီး ငွေတောင်းခဲ့တာမ ဟုတ်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြောခွင့်ရ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေခွဲထွက်အဖွဲ့ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) အဖွဲ့ခေါင်းဆောင် ဗိုလ်နားမကြားဟာ ဒေသခံ ဆင်ထိန်းသစ်ဆွဲသမား ၅ ဦးကို ပြန်ပေးဆွဲပြီး သိန်း ၅၀၀ တောင်းခဲ့လို့  သစ်ဆွဲသမားတွေက ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်ဆိုပြီး သတင်းတချို့မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  ဗိုလ်မှူးကြီးစောဆန်းအောင်က  ဗိုလ်နာမကြားဟာ ဒေသခံတွေကို ပြန်ပေးဆွဲတာမဟုတ်ကြောင်း ပြန်လည်ငြင်းဆိုလိုက်ပါတယ်။

“သစ်လုပ်ငန်းခွင်မှာ ဘီဂျီအက် ဆင်တွေပါတယ်ဆိုတာ သူသိတယ်။ အဲဒါကြောင့် သစ်လုပ်ငန်းခွင်မှာ ရှိတဲ့ ဆင်ထိန်းတွေ သူလာခေါ်တယ်။ တဖက်ကလည်း ဒီသစ်တောမဖြုန်းတီးဖို့ ပိတ်ဖို့ သူသွားပြောတယ်။ အဲဒါဆင်ထိန်းသမား ၅ ယောက်ကို ခေါ်သွား တယ်။ ခေါ်သွားတော့ တယောက်က ပြန်လွှတ်ပေးတယ်ပေါ့။ တဖက်က စားနပ်ရိက္ခာအရ တောင်းတာဆိုရင်လည်း ဟုတ်ရင်ဟုတ်မယ်။ ငွေသိန်း ၅၀၀ တောင်းတာ မဟုတ်ပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့မှန်သမျှ ကရင်ဖြစ်ဖြစ်၊ ဗမာ ဖြစ်ဖြစ်၊ ဒီကေဘီအေဖြစ်ဖြစ်၊ ဘီဂျီအက်ဖြစ်ဖြစ်၊ ကေအန်ယူဖြစ်ဖြစ် လုပ်ငန်းခွင်တွေမှာရှိနေတဲ့ လုပ်ငန်းရှင်တွေကို ပိုက်ဆံတောင်းတာ အခုမှမဟုတ်ဘူး။ ဟိုး ကျနော် လူဖြစ်ကတည်းက ကျနော်ကြုံဖူးပါတယ်။ စားဖို့သောက်ဖို့ တောင်းတာ ဒါမှမဟုတ်လည်း နယ်မြေစိုးမိုးမှုမှာရှိတဲ့ လုပ်ကွက်လာလုပ်လို့ဆိုရင် အခွန်ဆောင်ရတယ်။ ဥပမာ သိန်းတရာတို့၊ ငါးဆယ်တို့ ဆယ်သိန်းတို့ အဲလို ဆောင်ရတာရှိတယ်။ ဒါ လက်ရှိတော်လှန်ရေးသမားတွေရဲ့ ဓလေ့ထုံးစံ ရိုးရာအဲလိုရှိတယ်။ တဖက် တဦးတယောက်ကို ခေါ်သွားပြီးတော့ သိန်း ၅၀၀ တောင်းဆိုတာ မဟုတ်ပါဘူး။ ငါတို့ခွင်မှာ လာလုပ်တဲ့အတွက်ကြောင့် တောင်းစားတာ အခွန်သတ်မှတ်တာ ရှိပါတယ်။ အခုလက်ရှိ သတင်တွေမှာဖော်ပြသလို သိန်း ၅၀၀ တောင်းပြီး ပြန်ပြေးဆွဲတာ လုံးဝ မဟုတ်ပါဘူး။”

ဗိုလ်နားမကြားက ဒေသခံဆင်ထိန်းသစ်ဆွဲသမားတွေကို ခေါ်ဆောင်မှုမလုပ်ခင် သူ့အစ်ကို စောဂေဂေဖိုးဆိုသူကို  နယ်ခြားစောင့်တပ် အမှတ် (၂၀၁၆) က ဖမ်းဆီးခဲ့ပြီး စကခ ၁၂ လက်ထဲ ပို့ဆောင်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီနောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ပိုင် နာယက ဗိုလ်ချုပ်ဖားနွီးရဲ့ ဆင်နဲ့အတူ ဆင်ထိန်း သစ်ဆွဲသမားတွေကို ခေါ်ဆောင်မှုလုပ်ခဲ့တာဖြစ်ပြီး၊  ဗိုလ်ချုပ်ဖားနွီးလည်း အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကျော်သက်ကို သူ့လူတွေပြန်လွှတ်ပေးဖို့နဲ့ ထောက်ပံ့ကြေး သိန်း ၅၀ မယ်ပေးဆိုပြီ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်ပိုင်း ဖမ်းဆီးခေါင်ဆောင်သွားတဲ့လူ ၅ ယောက်ထဲက ၂ ယောက်ကို ပြန်လွှတ်ဖို့ ပို့ဆောင်တဲ့အချိန် တနေရာမှာအနားယူနေတုန်း ဗိုလ်နားမကြားတပည့်တယောက် သောက်သုံးရေ သွားခပ်စဉ်မှာ ဆင်းထိန်းနှစ်ယောက်က ဗိုလ်နားမကြားကို ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ ပြောပါတယ်။

“လူတယောက်ကိုဖမ်းတယ်ဆိုရင် ကျနော်တို့ချည်နှောင်ထားမယ်။ အချုပ်ခန်းထဲမှာ ထည့်ထားမယ်။ ကျနော်တို့ ဖမ်းတာမဟုတ်ပါဘူး ကျနော်တို့ သွားခေါ်လာတာ။ နှစ်ယောက်ကို ခေါ်ပြီး ပြန်လွှတ်ပေးမယ့်အချိန်မှာ တနေရာမှာနားနေတဲ့အချိန်မှာ အခုတ်သတ်ခံခဲ့ရတယ်။ သူတပည့် ရေဆင်းခတ်တဲ့အချိန်မှာ ကရင်ချင်းချင်းဆိုပြီး ယုံကြည်ပြီးတော့ သူ့သေနတ်ကိုပါ ထားခဲ့တယ်။ အဲဒီမှာ နားမကြားကို ဓားနဲ့ခုတ်တယ်။ သူထားတဲ့သေနတ်ကိုယူပြီးတော့ သူတပည့်ကိုပစ်တယ်။ ဒါသူ့တပည့်ပြောလို့ သိရတယ်။ မမြင်ရဘူး။ တဖက် ဆင်သမားတွေလည်း ဘီဂျီအက်စစ်မှုထမ်းတွေလို့ သုံးသပ်တယ်။ သာမန်ဆင်ကြောင်းတဲ့သူယောက်က သေနတ်ပစ် မတတ်ပါဘူး။”

ဒီဖြစ်စဉ်ပြီးတဲ့နောက်ပိုင်း ဗိုလ်နားမကြားရဲ့အလောင်းကို သွားပြန်ယူပြီး မိမိတို့နေရာကို ပြန်သယ်လာတဲ့အချိန်မှာ ဘီဂျီအက်ဖ်တပ်နဲ့ အစိုရတပ်တို့ပူးပေါင်းပြီး သူတို့ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ တယ်လို့လည်း ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တဲ့ သတင်းတချို့မှာတော့ နားမကြားအဖွဲ့လို့ လူသိများတဲ့ ဒီကေဘီအေခွဲထွက် လက်နက်ကိုင်အဖွဲ့က ဒေသခံသစ်ဆွဲသမား ငါးဦးကို ဖမ်းဆီးပြန်ပေးဆွဲပြီး တစ်ဦးကို ကျပ်သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းတာကြောင့် အဖမ်းခံရတဲ့ သစ်ဆွဲသမားတွေက ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

ဆင်ထိန်းတွေဟာ ဗိုလ်နားမကြားနဲ့ သူ့ရဲ့တပည့်တဦးကို ဓားနဲ့ထိုးသတ်ခဲ့ပြီး ဒေသအခြေစိုက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လာရောက် အဖမ်းခံခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013