Home
သတင်းဓာတ်ပုံ
မန္တလေး-တကောင်း-ဗန်းမော် မဟာဗျူဟာလမ်းတံတားပြင်နေလို့ ခရီးသည်တွေအခက်အခဲဖြစ်
ထွန်းထွန်းသိန်း
·
September 2, 2016
mandalay5
mandalay4
mandalay3
mandalay1
mandalay2
မန္တလေး-တကောင်း-ဗန်းမော် မဟာဗျူဟာလမ်းမကြီးမှာပါဝင်တဲ့ ပျဉ်ထောင်လေးကျေးရွာနဲ့ ရွှေလီတံတား-ငါးအိုး ကြားမှာရှိတဲ့တံတားတွေ ပြင်ဆင်နေမှုကြောင့် ခရီးသွားပြည်သူတွေ သွားလာရေး ခက်ခဲနေကြပါတယ်။ လက်ရှိမှာ မိုးတွင်းကာလဖြစ်ပြီး ရွှံ့တွေဗွက်တွေများပြားတဲ့ လမ်းလွှဲကနေသာ ဒေသခံတွေနဲ့ အဝေးပြေးကားတွေ သွားလာနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိတံတား ၃ စင်းဖျက်ပြီး လမ်းလွဲကို သေချာမလုပ်ထားတာကြောင့် ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေက ကရိန်းကားတွေကိုအခကြေးငွေပေးပြီး လမ်းဖြတ်ကူးနေရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ဒီဗီဘီကိုပြောပါတယ်။ မန္တလေး-တကောင်း-ဗန်းမော် မဟာဗျူဟာလမ်းဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး မန္တလေးမြို့ကနေစစ်ကိုင်းတိုင်းကသာမြို့ ကချင်ပြည်နယ် ရွှေကူ- ဗန်းမော်စတဲ့ မြို့တွေက အဓိကဆက်သွယ်ပေးနေတဲ့ လမ်းမကြီး တခုဖြစ်ပါတယ်။ နှစ်စဉ်မိုးရာသီရောက်တိုင်း တံတားတွေပျက်ဆီးခြင်း၊ ရွှံနွံထူထပ်ခြင်းကြောင့် ခရီးသွား ကားတွေ ညအိပ်စောင့်ရတာတွေရှိတယ်လို့ ကချင်ပြည်နယ်ကနေမန္တလေးမြို့ကို ကူးသန်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ဓာတ်ပုံ - စိုပြေ (facebook)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024