A d v e r t i s e m e n t With Us

အိန္ဒိယနိုင်ငံသား​ ဆွီဒင် ဟိုတယ်ပိုင်ရှင် သူ​ဌေး​ကြီး

တခါက ဆွီဒင်နိုင်ငံကို ​ကျောင်း​တက်ဖို့​ သွား​ခဲ့​တဲ့​ အိန္ဒိယနိုင်ငံသား​လေး​ဟာ၊​ အခုအခါမှာ​တော့​ ဆွီဒင်မှာ ဟိုတယ်ပိုင်ရှင် သူ​ဌေး​ကြီး​ ဖြစ်​နေပါတယ်။ ‘ဘစ်ကီ ချာခရာ​ဘောတီ’ (Bicky Chakraborty) ဆိုတဲ့​ အိန္ဒိယနိုင်ငံသား​လေး​ဟာ လွန်ခဲ့​တဲ့​ ၄၅ နှစ်က ဆွီဒင်နိုင်ငံကို ​ရောက်ရှိခဲ့​တာ ဖြစ်ပါတယ်။ သူဟာ စီး​ပွား​ရေး​လုပ်ငန်း​ လုပ်ကိုင်ရာမှာ လာဘ်မြင်သူဖြစ်ပြီး​ ဆွီဒင်မှာ အချမ်း​သာဆုံး​ အိန္ဒိယနိုင်ငံသား​ ဖြစ်လာပါတယ်။ ဒါ​ပေမဲ့​ ဘစ်ကီက သူဟာ အိန္ဒိယနိုင်ငံသား​ထက် ဆွီဒင်နိုင်ငံသား​ပဲ ဖြစ်ချင်တယ်လို့​ ​ပြောပါတယ်။ သတင်း​ထောက် ‘ရစ်ခ် ဝက်စ်ဆာမန်’(Ric Wasserman ) က ဆွီဒင်နိုင်ငံ စ​တော့​ခ်ဟုမ်း​မြို့​က ဟိုတယ်ကြီး​ထဲမှာ အိန္ဒိယသူ​ဌေး​ကို ​တွေ့​ဆုံ ​မေး​မြန်း​ထား​ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up