Home
မြန်မာသတင်း
မြန်မာနိုင်ငံသားတဦး စင်ကာပူတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရ
DVB
·
September 1, 2016
14218366_10154423780532305_1538904549_n
စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းဆုံး ၁၁၅ ဦးရှိနေပြီး ကူးစက်ခံရသူတွေထဲမှာ မြန်မာတဦးအပါဝင် နိုင်ငံခြားသား ၅၇ ဦးပါဝင်တယ် လို့ စင်ကာပူ ကျန်းမာရေးဌာနက ပြောတဲ့ အကြောင်း  စင်ကာပူအခြေစိုက်  CNA သတင်းမှာဖော်ပြပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၁၀ ဦး၊  တရုတ် ၁၀ ဦး၊ အိန္ဒိယ ၁၅ ဦး၊ အင်ဒိုနီးရှား ၁ ဦး၊ မလေးရှား ၆ ဦး၊ မြန်မာ ၁ဦးနဲ့ ထိုင်ဝမ်တဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အားလုံးဟာ အပြင်းဖျားနာခြင်းမရှိဘဲ အများစုက နေပြန်ကောင်းနေပြီလို့ ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စင်္ကာပူနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံသားတဦး ဇီကာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရ တယ်လို့  ဒီကနေ့ အတည်ပြုပါပြောပါ တယ်။ ဒီကိစ္စကို စင်္ကာပူကျန်းမာရေးဝန်ကြီး ဌာနက စင်္ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးကို အသိပေးအကြောင်းကြားခဲ့တယ်လို့ အင်ဒိုနိုင်ငံခြားရေးပြောခွင့်ရ သူကဆိုပါတယ်။ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကို လက်ရှိအချိန်အထိ ဇီကာ ကူးစက်ပျံ့နှံ့လာတာတော့ မရှိသေးပေမယ့် နိုင်ငံထဲ အ၀င်ဂိတ်တွေ အားလုံးကို အင်ဒိုနီးရှားအာဏာပိုင်တွေက အထူးအလေးထား ကာကွယ်စစ်ဆေးမှုတွေ ဆောင်ရွက်နေကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ စင်္ကာပူနိုင်ငံကို မလိုအပ်ပဲ ခရီးမသွားကြဖို့ အမေရိကန်၊ သြစတြေးလျ၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ကြေညာထားကြပြီး အင်ဒိုနီးရှားနိုင်ငံလည်း အလားတူ ကြေညာလိုက်ပါတယ်။ မလေးရှားမှာတော့ စင်္ကာပူနိုင်ငံကပြန်လာတဲ့ အသက် ၄၇ နှစ်အရွယ် မလေးရှားနိုင်ငံသား အမျိုးသမီး တဦး ဇီကာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရတယ်လို့ မလေးရှားအစိုးရက ကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024