၂၁ ရာစုပင်လုံညီလာခံမှ ထွက်ခွာသွားသည့် ၀တပ်ဖွဲ့ ဖတ်ကြားမည့် စာတမ်း
DVB
·
September 1, 2016
နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ ‘၀’ ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ ဒုတိယနေ့ အစည်းအဝေးကို မတက်ရောက်ဘဲ ပြန်သွားကြပါတယ်။
၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခံသူရသူတွေကြားမှာ တန်းတူညီမျမှု မရှိတာကြောင့် မတက်ရောက်ခဲ့တာလို့ ၀တပ်ဖွဲ့ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ညီလာခံကျင်းပရေးကော်မတီဝင်တွေကတော့ အခု ကိစ္စဟာနားလည်မှု လွဲတာသာဖြစ်ပြီး သူတို့ အနေနဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနည်းတူ စီစဉ်ပေးထားတယ်လို့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးကော်မတီဝင် ဒေါက်တာဆလိုင်းလျှံမှုန်းဆာခေါင်းက ပြောပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုယ်စားလှယ်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ တာဝန်ရှိသူတွေ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် ဌာနချုပ်နဲ့ ဆက်လက်ညှိနှိုင်းဖို့ လိုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြန်သွားကြပြီဖြစ်ပါတယ်။
၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖတ်ကြားမယ့် စာတမ်း ထွက်ပေါ်လာခဲ့ပါတယ်။
အပြည့်စုံ ဖတ်ရှုရန်