Home
မြန်မာသတင်း
စစ်တွေတွင် ကျောင်းသားများကို မူးယစ်ဆေးဝါး အသိပညာပေးမှု ပြုလုပ်
DVB
·
September 1, 2016
14224891_287889141567100_172769382247671536_n
14202737_287910314898316_7331183903651628216_n
14102554_287889144900433_8737086030438333785_n
ကျောင်းသူ/ သားတွေ မူးယစ်ဆေးဝါးသုံးစွဲလာမှု များပြားလာတာကြောင့် မူးယစ်ဆေးဝါး အသိပညာပေးမှုတွေကို     စစ်တွေတက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေမှာ သြဂုတ် ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ သြဂုတ် ၃၁ ရက်နေ့က စစ်တွေတက္ကသိုလ်က ပါမောက္ခချုပ်နဲ့ ဆရာ/ဆရာမတွေ၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့ ယစ်ဆေးဌာနတို့က ပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ မှုးယစ်ဆေးဝါးသုံးစွဲလာမှု တနှစ်ထက်တနှစ်များပြားလာတာကြောင့် အခုလိုစီမံချက်ဆွဲပြီး လုပ်ဆောင်လာရတာလို့  စစ်တွေခရိုင်ရဲမှူးကြီး ဦးစောနောင်က ပြောပါတယ်။ ”အခုက မူးယစ်ဆေးဝါးသုံးစွဲမှုတွေ တဖြည်းဖြည်းနဲ့ ပိုများလာနေပါတယ်။ လူငယ်တွေက ပိုများလာနေတာပေါ့လေ။ ဒီလူငယ်တွေထဲမှာ အသက် ၂၀ က အများဆုံးရှိနိုင်တဲ့ တက္ကသိုလ်တွေ၊ နောက်တစ်ခါ အထက်တန်းကျောင်းတွေမှာ အများဆုံးဖြစ်နေတာ တွေ့လာရတာကို၊ ဒါတွေကို ပညာပေးတဲ့ပြခန်းတွေကို တက္ကသိုလ်တွေနဲ့ အထက်တန်းကျောင်းတွေမှာ ပညာပေးတွေ လုပ်ဆောင်ဖို့ရှိပါတယ်။ စစ်တွေတက္ကသိုလ်မှ မော်ကွန်းထိန်း ဦးရွှေခိုင်ကျော်က “ဆရာမတွေမရှိတဲ့အခိုက် ၀န်ထမ်းတွေမရှိတဲ့အခိုက်မှာ ကျောင်းသူ/သားတွေတချို့ သုံးကြတာရှိပါတယ်။ ဒီလိုသုံးနေတဲ့ အခါ ကျနော်တို့ ရံခါရံဖန် ရောင်းလှည့်ပြီး ဖမ်းပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖမ်းတာပေါ့လေ။ တချို့ကျောင်းသားတွေ ဖမ်းရမိလို့ အချုပ်ခန်းထဲ ရောက်သွားတာလည်း ရှိပါတယ်။ အခုလို ပညာပေးပြခန်းတွေ ပြုလုပ်လာတော့ ကျနော်တို့ ပိုပြီးဝမ်းသားပါ အားရပါတယ်” လို့ ပြောပါတယ်။ အခုလိုနှစ်စဉ်နှစ်တိုင်း မူးယစ်ဆေးဝါး သုံးစွဲနေမှုအပေါ်ပညာပေးလုပ်ဆောင်မှုဟာ ထိရောက်မှုမရှိဘူးလို့ အင်္ဂလိပ်စာနောက်ဆုံးနှစ် ကျောင်းသား ကိုအောင်မင်းကပြောပါတယ်။ “မူးယစ်ဆေးဝါး ပညာပေးပြုလုပ်တာဆိုရင် ကျနော်အတွေ့အကြုံအရ ဒီနှစ်ဆိုရင် သုံးနှစ်မြောက်ပေါ့။ ထိရောက်မှု မတွေ့ဘူးခင်ဗျာ့။ ကျနော်ကိုယ်တိုင်းမြင်နေရပါတယ်။ ကျောင်းထဲ မှာ မူးယစ်ဆေးသုံးစွဲနေတာကို။ ဒါတွေဆရာမတွေက ကျောင်းသူ/သားတွေအပေါ် တစိုက်မတ်မတ် လိုက်ကြည့်ဖို့လိုပါတယ်။” ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိရေးမှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာပြီး၊ တက္ကသိုလ်ကျောင်းအတွင်းမှာ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ဝယ်ယူရရှိနိုင်တာကြောင့် အချိန်မိတားဆီးပေးဖို့ ကျောင်းသားမိဘတွေကလည်း လိုလားနေကြ တာပါ။ သြဂုတ် ၁၉ ရက်နေ့မှ ၂၃ ရက်နေ့နေအထိ မောင်တောနယ်စပ်မှာ ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်တန်းဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၃ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အဓိကမူးယစ်ဆေးဝါးတွေ ရောင်းချလုပ်ကိုင်နေသူတွေ ဖမ်းဆီးခြင်းမရှိသေးတာကို ပြည်သူတွေအကြား ဝေဖန်နေကြ ပါတယ်။ သတင်း - ဝဏ္ဏခွာညို  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024