အမေရိကန်သမ္မတလောင်းပုံစံတူ ၀စ်လစ်စလစ်ရုပ်တု လေလံတင်ရောင်းချမည်

အမေရိကန်နိုင်ငံ၊ ရီပတ်ဘလီကန်ပါတီမှ ရွေးချယ်ခံ သမ္မတလောင်း ဒေါ်နယ်ထ ရမ့်ရဲ့ ပုံစံတူ ၀စ်လစ်စလစ်ရုပ်တုကို လာမယ့်အောက်တိုဘာလအတွင်းမှာ လေလံတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။ လူတရပ်စာအမြင့်ရှိတဲ့ ဒီရုပ်တုကို လေလံတင်ကြေးငွေ အမေရိကန်ဒေါ်လာ ၁ သောင်းကနေ ၂ သောင်းထိ ရ ရှိနိုင်လိမ့်မယ်လို့ ဂျူလီယံလေလံကုမ္ပဏီက သြဂုတ်လ ၃၁ ရက်နေ့မှာ ပြောလိုက်ပါ တယ်။ အမေရိကန်သမ္မတလောင်းပုံစံတူ ၀စ်လစ်စလစ်ရုပ်တု လေလံတင်ရောင်းချမည်(ရုပ်သံ)ဒီလေလံပွဲကို လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပသွားမှာပါ။ ဒါဟာ သြဂုတ်လအစောပိုင်းက နယူးယောက်မြို့နဲ့ တခြားမြို့ ၄ မြို့ရှိ အများ ပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ကြိုတင်ကြေငြာထားခြင်းမရှိပဲ ထားရှိခဲ့တဲ့ ပုံစံတူရုပ်တု တွေထဲက မပျက်စီးပဲ ကျန်ရှိနေခဲ့တဲ့ ရုပ်တုတခုဖြစ်ပါတယ်။ လိမ္မော်ရောင် ပုံစံတူရုပ်တုမှာ ထရမ့်ရဲ့ ပုံစံကို ကြီးမားတဲ့ ၀မ်းဗိုက်ပူပူ၊ လက် ချောင်းသေးသေးတွေနဲ့ သေးငယ်တဲ့ လိင်အင်္ဂါပုံစံဖြစ်အောင် ထုလုပ်ထားခဲ့တာပါ။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်မှုကို ကန့်သတ်ပြီး အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံနယ်စပ်မှာ တံတိုင်းခတ်မယ်လို့ ပြောဆို ခဲ့ဖူးပါတယ်။ ဒီလေလံပွဲကရရှိမယ့် အမြတ်ငွေတစိတ်တပိုင်းကိုတော့ ရွှေ့ပြောင်းနေထိုင်သူ များအရေးကို ထောက်ပံ့ကူညီပေးမယ့် အမျိုးသားအဆင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင် မှုဆိုင်ရာဖိုရမ်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up