Home
မြန်မာသတင်း
ရွှေတုံးအတုများလိမ်ရောင်းသည့် တရုတ်နိုင်ငံသား ၃ ဦးဖမ်းမိ
DVB
·
September 1, 2016
14199165_1230286547024142_4407146892576680579_n
14138253_1230286563690807_468897661091316090_o
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ ရွှေတုံးအတုတွေ လိမ်လည်ရောင်းချထားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 14138253_1230286563690807_468897661091316090_oသြဂုတ် ၂၈ ရက် မနက်က  မန္တလေးမြို့ အောင်မြေသာစံမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်နေ ဦးဝါဟင်း လက်ကိုင်ဖုန်းသို့ တရုတ်နိုင်ငံသား ကျိုးပိန်းဝှာက သူရဲ့ ရွှေကုမ္ပဏီလုပ်ငန်း ပြီးဆုံးပြီး တရုတ်ပြည် ပြန်မှာဖြစ်လို့ ရွှေတုံး ၅၀ ခန့် ရောင်းချလိုကြောင်း ဖုန်းဆက်တာကြောင့် ကျွဲဆည်ကန်ကားဝင်း ဝင်ပေါက်အနီးသို့ ချိန်းဆို တွေ့ဆုံခဲ့ရာတွင် ကျိုးပိန်းဝှာ အပါအ၀င် လူ ၃ ဦးက ရွှေတုံး ၅၀ တုံးကို မြန်မာငွေ သိန်း ၆၀၀ နဲ့ ဝယ်ယူဖို့ သဘောတူညီခဲ့ပြီး နောက်တနေ့မှာ  ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ ရွှေတုံးတွေကို ထပ်မံစစ်ဆေးရာ ရွှေအတုများဖြစ်နေ သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ရာမှာ တိုင်ကြားချက်အရ  ကျိုးပိန်းဝှာ ပါ ၃ ဦးဟာ  Happy Hotel မှာ တည်းခိုနေကြောင်း သတင်းရလို့   ပြည်ကြီးတံခွန် မြို့နယ်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇော်အောင်နှင့် အဖွဲ့ကဝင်ရောက် ဖမ်းဆီးခဲ့တာပါ။ လိမ်လည်သွားတဲ့ တရုတ်အမျိုးသားတွေထံကနေ မြန်မာငွေကျပ် ၆,၁၀၆,၀၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၃၃၇၊ တရုတ်ယွမ် ၅၂၂၅၊ ထိုင်းဘတ် ၅၆၀၊ ဟောင်ကောင်ဒေါ်လာ ၈၀၊ မလေးရှားရင်းဂစ် ၅၁၊ ရုရှားရူဘယ် ၁၅၀၊ စင်ကာပူဒေါ်လာ ၁၂၊ အာရေဗီးယားဒဟားမား ၅ တို့နဲ့အတူ လက်ကိုင်ဖုန်းတလုံး၊ ရွှေတုံးအတု ၄၈တုံး၊ ရွှေဖြတ်စ(၁)စ၊ ဖြတ်လွှ ၂ ချောင်းတို့နဲ့ အတူ ပြန်လည်ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်သတင်းမှာ ဖော်ပြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024