နိုင်ငံတော် သမ္မတနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ
ကျော်ဇေယျာဝင်း
·
August 31, 2016
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ်လ ၃၁ ရက်နေ့က သမ္မတ အိမ်တော်၊ သံတမန် ဆောင်၊ ဧည့်ခန်းမမှာ တွေ့ဆုံကြပါတယ်။
ဘန်ကီမွန်းအဖွဲ့ဟာ ဩဂုတ်လ ၃၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး တွေ့ဆုံပွဲကိုလည်း တက်ရောက်ခဲ့ပြီး ဒီနေ့စတင်ကျင်းပပြုလုပ်တဲ့ ၂၁ ပင်လုံညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။