၂၁ ရာစုပင်လုံ အထိမ်းအမှတ် အထူးတံဆိပ်ခေါင်းများ ထုတ်ဝေ
ပိုင်စိုး
·
August 31, 2016
နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်း သုံးမျိုးကို ဒီနေ့ စတင်ဖြန့်ချိလိုက်ပါတယ်။
အရေအတွက် ကန့်သတ်ထားတဲ့ ၁၀၀၊ ၂၀၀ နဲ့ ၅၀၀ တန် တံဆိပ်ခေါင်းတွေကို ဒီနေ့ ၀ယ်ရင်တော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးစာတိုက်ကြီးတွေမှာ ရက်စွဲတံဆိပ်ကိုလည်း ရိုက်နှိပ်ပေးနေတာပါ။
တံဆိပ်ခေါင်းစုဆောင်းတဲ့ ဝါသနာရှင်တွေ လာရောက်ဝယ်ယူကြပြီး ပင်လုံတံဆိပ်ပါ စာအိတ်တွေကတော့ မနက်ပိုင်းမှာပဲ ကုန်သွားခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်စာတိုက်ကြီးမှာ ခေတ်အဆက်ဆက် ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်း ၉၈ မျိုးကိုလည်း ပြသပြီး ၀ယ်ယူနိုင်အောင် စီစဉ်ထားပါတယ်။