ဘီးတဘီးပါ စက်ဘီးဖြင့် ပေရှစ်ရာအမြင့်ရှိ မီးခိုးခေါင်းတိုင်အ၀တွင် စွန့်စားစီးပြ (ရုပ်သံ)

ရိုမေးနီးယားနိုင်ငံသား စတန့်သမားတဦးဟာ ဘီးတဘီးသာပါရှိတဲ့ စက်ဘီးတစီး နဲ့ မြေပြင်မှအထက်ပေ ၈၄၀ အမြင့်မှာရှိတဲ့ မီးခိုးခေါင်းတိုင်အ၀မှာ စွန့်စားစီးပြခဲ့ပါတယ်။ အဆိုပါ မီးခိုးခေါင်းတိုင်ဟာ ရိုမေးနီးယားနိုင်ငံ၊ တာဂူဂျီယူမြို့မှ အဆောက်အအုံ ဟောင်းတခုမှာ တည်ရှိနေတာပါ။ မီးခိုးခေါင်းတိုင်အ၀ရဲ့ ပတ်ပတ်လည်ပလက်ဖောင်းအကျယ်ဟာ ၃ ပေသာရှိတာ မို့ ခုလို ပတ်စီးပြခဲ့တာဟာ အသက်အန္တရာယ်နဲ့တောင် ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် စတန့်သမား ဖလာ့ဗျူးချင်နေ့စ်ကူကတော့ စွန့်စွန့်စားစားစီးပြခဲ့တာ ပါ။ သူဟာ မီးခိုးခေါင်းတိုင်ဝမှာ အသည်းယားစဖွယ် ပတ်ပြီးစီးနင်းပြချိန်မှာ လမ်း ကြောင်းပေါ်က သတ္တုဘားတန်းတွေပေါ်ကို ဟန်ချက်ညီအောင် ထိန်းပြီး ခုန်ကျော်ဖြတ် သွားခဲ့ရတာပါ။ နောက်ဆုံးမှာတော့ သူဟာ အောင်မြင်စွာ စီးပြနိုင်ခဲ့ပြီး အစွန်းမှာ လမ်းလျှောက် ကာ ဘေးပတ်ဝန်းကျင်က လယ်ကွင်းပြင်တွေနဲ့ မြစ်ကို စီးမိုးမြင်နေရတဲ့ နေရာတွေကို အပေါ်စီးကနေ ရိုက်ပြခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ မီးခိုးခေါင်းတိုင်ဝမှ ငြမ်းတိုင်မှတဆင့် လက်တဖက် တည်းနဲ့ ခိုတွဲခုန်ဆင်းပြခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတွေ့ရပါတယ်။ သူ့ရဲ့ လက်တဖက်က ဂိုးပရိုကင်မရာကို ကိုင်ဆောင်ထားကာ တဖက်ကတော့ ငြမ်းသံဘောင်ကို ခိုတွယ်ထားခဲ့တာပါ။ ဖလာ့ဗျူးချင်နေ့စ်ကူဟာ ကျွမ်းကျင်မျက်လှည့်နဲ့ စတန့်သမားတဦးဖြစ်ကာ အံ့ သြစရာ စတန့်ပြကွက်ပေါင်းများစွာကို သရုပ်ဖော်ပြသခဲ့သူတဦးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up