DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယခရိုင် ​ရေကြီး​မှု​ကြောင့်​ မြန်မာအလုပ်သမား​များ​ ဒုက္ခ​ရောက်​နေ
DVB
·
October 18, 2011
အယုဒ္ဓယခရိုင် ​ရေကြီး​မှု​ကြောင့်​ မြန်မာအလုပ်သမား​များ​ ဒုက္ခ​ရောက်​နေ
Donate to DVB

ဘန်​ကောက်မြို့​ရဲ့​အထက်က အယုဒ္ဓယခရိုင် စက်မှုဇုန်ကြီး​ ၅ခု ​ရေနစ်မြုပ်သွား​တဲ့​အတွက် စက်ရုံ​တွေမှာလုပ်​နေကြတဲ့​ မြန်မာအလုပ်သမား​တွေ ဒုက္ခ​ရောက်​နေကြပါတယ်။

အယုဒ္ဓယ အီလက်ထ​ရောနစ်အလုပ်ရုံတရုံက မြန်မာအလုပ်သမား​ ကို သက်ပိုင်က “ရေကြီး​တာက ကျ​နော်တို့​ခါး​လောက်ရှိတယ်။ လုပ်ငန်း​ရှင်က ကျ​နော်တို့​ကို ပစ်ထား​တဲ့​ပုံစံဖြစ်​နေတယ်။ ဘာမှလည်း​ အကူအညီမ​ပေး​ဘူး​။ သူတို့​က အကူအညီမ​ပေး​တဲ့​အပြင် ကြိုတင်​ငွေလည်း​ ထုတ်မ​ပေး​ဘူး​။ မထုတ်​ပေး​တော့​ ဒီမှာ အလုပ်သမား​ ၂၀၀ ​ကျော် ၃၀၀ နီး​ပါး​ ​ရေကြီး​လာ​တော့​ ကျ​နော်တို့​အလုပ်ပိတ်ထား​တာ ၁၁ ရက်​လောက်ရှိသွား​ပြီ” လို့​ ​ပြောပါတယ်။

အလုပ်သမား​ ကိုချစ်ကိုက “သူ​ဌေး​ကလည်း​ ခု​လော​လောဆယ် ​ခေါင်း​ရှောင်လိုက်ပြီ​လေ။ စက်ရုံ​တွေကလည်း​ မြုပ်တယ်ဆို​တော့​ ပြန်ဖွင့်​ဖို့​မလွယ်ဘူး​လေ။ အဲလိုမျိုး​ဖြစ်​နေ​တော့​ သူ​ဌေး​ကလည်း​ ဗမာ​တွေ နင်တို့​လုပ်ချင်ရာလုပ်​ပေ​တော့​၊​ အလုပ်​ပြောင်း​ချင်လည်း​ ​ပြောင်း​ကြ​တော့​ဆိုတဲ့​ ပုံစံမျိုး​ သွား​စရာလာစရာ ခု​လော​လောဆယ် မရှိဘူး​ဖြစ်​နေတယ်” လို့​ ​ပြောပါတယ်။

အယုဒ္ဒယမြို့​က ​ဈေး​ဆိုင်​တွေမှာ အလုပ်လုပ်​နေတဲ့​ မြန်မာအမျိုး​သမီး​တဦး​ကလည်း​ ခုလို​ပြောပါတယ်။

“​ဈေး​ထဲမှာလုပ်တဲ့​ တ​နေ လုပ်တ​နေ့​စား​ပေါ့​။ ​ရေကြီး​တော့​ စား​စရာမရှိဘူး​။ သူများ​လာ​ဝေတဲ့​အခါကျ​တော့​ ထွက်လာတယ်​ပေါ့​။ ရတဲ့​လူလည်း​ရ၊​ မရတဲ့​လူလည်း​ မရဘူး​။ ဒုက္ခသည်​တွေ​နေတဲ့​ ​နေရာကိုသွား​ဖို့​ဆိုတာ ညီမတို့​ ​ရေကို တနာရီနီး​ပါး​လောက် ကူး​ရတယ်။ ရင်ဘတ်​လောက်ကူး​ပြီး​တော့​မှ တက်သွား​တယ်။ ဒီမှာ ​လှေလည်း​မရှိဘူး​လေ။ တချို့​ယောကျာ်း​လေး​တွေက တ​နေ့​လုံး​စောင့်​ပြီး​ ည​နေမှ ရတာ​လေး​တွေကို ပြန်လာ​ကျွေး​ကြတာ။”

ထိုင်း​နိုင်ငံအတွင်း​ ​ရေလွှမ်မိုး​နေတဲ့​ ခရိုင် ၁၅ ခုမှာ အလုပ်ရုံ​ပေါင်း​ တ​သောင်း​ကျော် ပိတ်ထား​ရဆဲဖြစ်ပြီး​ အလုပ်သမား​ ၃ သိန်း​ ၅ ​သောင်း​ကျော် အလုပ်လက်မဲ့​ဖြစ်​နေကြတယ်လို့​ ထိုင်း​နိုင်ငံအလုပ်သမား​ဝန်ကြီး​ဌာနက တနင်္လာ​နေ့​မှာ သတင်း​ထုတ်ပြန်ထား​ပါတယ်။

ရေ​ဘေး​သင့်​သူ​တွေထဲမှာ မြန်မာအလုပ်သမား​တွေ ​သောင်း​ချီ ပါဝင်တယ်လို့​ မြန်မာအလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​ အဖွဲ့​တွေက ခန့်​မှန်း​ကြပြီး​ အ​ခြေအ​နေ ပုံမှန်ဖြစ်လာမှ ​ရေ​ဘေး​သင့်​တဲ့​ မြန်မာအ​ရေအတွက်ကို ပိုပြီး​ တိတိကျကျ စာရင်း​ကောက်နိုင်မယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013