
ရန်ကုန်တိုင်းအတွင်းမှာ ဇန်ဝါရီလကနေ ဇူလိုင်လအထိ ယာဉ်တိုက်မှုပေါင်း ၁၂၆၂ ခု ဖြစ်ခဲ့ပြီး လူ ၂၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲက ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။
ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့တာကတော့ ကိုယ်ပိုင်ယာဉ်တွေဖြစ်ပြီး ၆၅၂ မှု၊ တက္ကစီတွေက အမှုပေါင်း ၂၃၀ ဖြစ်ခဲ့တာပါ။
ယာဉ်တိုက်မှုတွေကြောင့် လူပေါင်း ၁၄၄၇ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။ ဆိုင်ကယ် တိုက်မှုတွေကြောင့် လူသေဆုံးနှုန်း မြင့်တာကိုလည်း တွေ့ရပါတယ်။
သြဂုတ်လ ၁၉ ရက်ကနေ ၂၅ ရက်အထိ တပတ်အတွင်းမှာ စည်းကမ်းပျက်ယာဉ်ပေါင်း ၂၀၈၇ စီး ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၇ လအတွင်းမှာ လိုင်စင်ပိတ်သိမ်းတဲ့ အမှုပေါင်း ၂၁၂ မှုရှိတယ်လို့လည်း သူက ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်စီးရေပေါင်း ၇ သိန်းကျော် ရှိနေတာ ဖြစ်ပါတယ်။










