DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စုလွှတ်တော်ကြေညာ
DVB
·
August 30, 2016
၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စုလွှတ်တော်ကြေညာ
Donate to DVB

မနက်ဖြန်နေပြည်တော်မှာ စတင်ကျင်းပမယ့် ၂၁ရာစုပင်လုံညီလာခံဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်းဆောက်ဖို့ရည်ပြီး တိုင်းရင်းသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ တန်းတူညီမှုရရေးတို့အတွက် ဆောင်ရွက်မယ့်  အရေးကြီး လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် အားပေးထောက်ခံကြောင်း ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

သြဂုတ် ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၄ရက်အထိကျင်းပမယ့် ဒီ ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူအစုအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှာ အလုပ်သဘော ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းလည်း တက်ရောက်ဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013