DVB Logo
Home
မြန်မာသတင်း
ယူနီယံ တိုင်း​ရင်း​သား​သတင်း​ဂျာနယ် ထုတ်​ဝေခွင့်​မရ​သေး
DVB
·
October 18, 2011
Donate to DVB

တိုင်း​ရင်း​သား​ဒေသက အဖြစ်အပျက်​တွေကို အသား​ပေး​ဖော်ပြမယ့်​ ပြည်တွင်း​ထုတ် တိုင်း​ရင်း​သား​ဂျာနယ်တ​စောင်ဟာ အစိုး​ရက ခွင့်​ပြုချက်မချ​ပေး​သေး​တဲ့​အတွက် မထုတ်​ဝေနိုင်​သေး​ဘူး​လို့​ ဂျာနယ်ထုတ်​ဝေသူက ​ပြောပါတယ်။

ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီ ကျား​ဖြူပါတီက တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​စောသန်း​မြင့်​က စီစဉ်ထုတ်​ဝေမှာဖြစ်ပါတယ်။

ယူနီယံလို့​ အမည်​ပေး​ထား​တဲ့​ အဲဒီဂျာနယ်မှာ တိုင်း​ရင်း​သား​ဒေသက သတင်း​လုပ်ငန်း​နဲ့​ စာအ​ရေး​အသား​ ဝါသနာပါသူ​တွေကို မြှင့်​တင်​ပေး​ဖို့​ ရည်ရွယ်ချက်လည်း​ ပါရှိတယ်လို့​ ဆိုပါတယ်။

ကျား​ဖြူပါတီရဲ့​ ဘဏ္ဍာ​ရေး​မှူး​ ဆို​ပေမယ့်​ ဒီဂျာနယ်ထုတ်​ဝေမှုက​တော့​ ပါတီနဲ့​ မသက်ဆိုင်ဘဲ ပုဂ္ဂလိကအ​နေနဲ့​ ထုတ်​ဝေတာလို့​ ​ပြောပါတယ်။

ပထမဆုံး​ထွက်မယ့်​ဂျာနယ်အတွက် ပြင်ဆင်မှု​တွေ ပြီး​စီး​လု​ပေမယ့်​ ထုတ်​ဝေခွင့်​လျှောက်ရာ သုံး​လခွဲကြာမြင့်​နေပြီး​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​ ခွင့်​ပြုချက်မကျလာ​သေး​သဖြင့်​ ​စောင့်​နေရတယ်လို့​ ဦး​စောသန်း​မြင့်​က ​ပြောပါတယ်။

“၈၀ ရာခိုင်နှုန်း​လောက် ပြင်ဆင်ထား​တယ်။ ကျ​နော်တို့​ ထုတ်​ဝေခွင့်​ ကျရင်​တော့​ လိုအပ်တဲ့​ ၂၀ ရာခိုင်နှုန်း​ကို ဖြည့်​စွက်နိုင်ရင်​တော့​ ထုတ်နိုင်မယ်လို့​ ယူဆထား​ပါတယ်။”

ဂျာနယ်ထုတ်​ဝေရတဲ့​ ရည်ရွယ်ချက်က​တော့​ တိုင်း​ရင်း​သား​လူမျိုး​စု​တွေရဲ့​ဘဝ ဖြစ်ထွန်း​တိုး​တက်မှု​တွေကို ​ဖော်ပြတာနည်း​နေတာကို ကွက်လပ်ဖြည့်​တာလို့​ ဦး​စောသန်း​မြင့်​က ​ပြောပါတယ်။

“ပြည်တွင်း​မှာ ထုတ်တဲ့​ ဂျာနယ်​တွေအများ​ကြီး​ရှိပါတယ်။ ကျ​နော် သိသ​လောက် ပြည်နယ်​တွေမှာရှိတဲ့​ တိုင်း​ရင်း​သား​တွေရဲ့​ သတင်း​က အား​နည်း​တယ်။ ပြည်နယ်အသီး​သီး​က တိုင်း​ရင်း​သား​တွေရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ သတင်း​တွေကို စာဖတ်သူအား​လုံး​ကို မျှ​ဝေသိရှိ​စေချင်တဲ့​သ​ဘောပါ။”

ထုတ်​ဝေခွင့်​ကျတာနဲ့​ ပထမပိုင်း​မှာ မြန်မာဘာသာနဲ့​ ထုတ်​ဝေမှာဖြစ်ပြီး​ ​နောက်ပိုင်း​ကျရင် တိုင်း​ရင်း​သား​ဘာသာအသီး​သီး​နဲ့​ တိုး​ချဲ့​ထုတ်​ဝေသွား​မယ်လို့​ ဆိုပါတယ်။

ဂျာနယ်တိုက်အ​နေနဲ့​ ပထမတကြိမ် သတင်း​ထောက်သင်တန်း​ ​ပေး​ခဲ့​ပြီး​ဖြစ်သလို ​နောက်ပိုင်း​မှာ ချင်း​၊​ ကရင်၊​ မွန်၊​ ရခိုင်၊​ ရှမ်း​ ၊​ ကယား​၊​ ကချင်စတဲ့​ ပြည်နယ်အသီး​သီး​က သတင်း​သမား​တွေကို သင်တန်း​ပေး​သွား​မယ်လို့​လည်း​ ​ပြောပါတယ်။

လက်ရှိ မြန်မာပြည်စာနယ်ဇင်း​လောကဟာ အရင်ကထက်စာရင် လွတ်လပ်လာတဲ့​အတွက် သတင်း​တွေ လွတ်လွတ်လပ်လပ် ​ဖော်ပြခွင့်​ရမယ်လို့​ ယုံကြည်​ကြောင်း​ ဦး​စောသန်း​မြင့်​က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013