DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်ရေး ဆန္ဒပြတောင်းဆို
DVB
·
August 30, 2016
၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်ရေး ဆန္ဒပြတောင်းဆို
1 / 4
Donate to DVB

၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်တက်ရောက်ခွင့်ပေးဖို့ သြဂုတ် ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒေသခံတွေက ဆန္ဒပြတောင်းခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ၂၁ ရာစုပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ အားလုံး တက်ရောက်ခွင့်ရရှိရေး၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးဌာနမှ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအရ လုပ်ဆောင်နေသူတွေကို မတရားသဖြင့် ဖမ်းနေမှု ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ကိုစောမင်းအောင်က ပြောပါတယ်။

ဒါ့အပြင် အမှန်တရားဆောင်လုပ်နေသူတွေကို နမှုနာပြပြီး ဖမ်းဆီးထောင်ချလိုက်တာက နောက်လူတွေကို လုပ်ဖို့ တွန့်ဆုတ်စေတယ်လို့ ဆန္ဒထုတ်ဖော်ရမှာပါဝင်သူ ဒေါ်ဝေစိန်နုက ဒီဗွီဘီကိုပြောပါတယ်။

“အန်တီအနေနဲ့ပြောရရင် တချို့အစိုးရလုပ်ရပ်တွေက တိုင်းရင်းတွေ အပေါ်မှာ စစ်မှန်တဲ့ လုပ်ဆောင်ချက်လုပ်ရပ်တွေ မတွေ့ရဘူး။ နောက်ပြီး ပြည်မနဲ့ ပြည်နယ်ကတတန်းမရှိဘူး။ ခွဲခြားဆက်ဆံနေရသလို ခံစားရတယ်။ နောက်တစ်ခုက ဘာပဲလုပ်လုပ် စိုးရိမ်းစိတ်တွေဖြစ်လာနေတယ်။ ပြည်နယ်အစိုးရဲ့ လုပ်ဆောင်ချက်တွေ စစ်မှန်တာတွေ့ရဘုး။ အမှန်တရားဆောင်လုပ်နေသူတွေကို နမှုနာပြပြီး ဖမ်းဆီးထောင်ချလိုက်တာက နောက်လူတွေကို လုပ်ဖို့ တွန့် ဆုတ်စေတယ်။”

ဆန္ဒထုတ်ဖော်မှုကို ရသေ့တောင်မြို့၊ စေတီတောင်ရပ်ကွက်မှာ စုဝေးပြီး ဦးဥတ္တမလမ်း၊ ရုံးတက်လမ်း၊ အောင်မင်္ဂလာလမ်း စည်ပင်သာယာလမ်း၊ အဲ့ဒီကနေတဆင့် မင်းဘာကြီးလမ်းအတိုင်း မြို့ပတ် လမ်းလျှောက် ဆန္ဒထုတ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်မှုအပြီး စေတီတောင်ရပ်ကွက်မှာ ဆန္ဒပြဦးဆောင်သူတွေက ၁ နာရီကြာဟောပြောမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

သတင်းဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013