DVB Logo
Home
မြန်မာသတင်း
၄၉ နှစ်​မြောက် ကိုမင်း​ကိုနိုင် ​မွေး​နေ့​ပွဲ ကျင်း​ပ
DVB
·
October 18, 2011
၄၉ နှစ်​မြောက် ကိုမင်း​ကိုနိုင် ​မွေး​နေ့​ပွဲ ကျင်း​ပ
1 / 2
Donate to DVB

၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုမင်း​ကိုနိုင်ရဲ့​ ၄၉ နှစ်​မြောက် ​မွေး​နေ့​ပွဲကို မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် တက်​ရောက်ပြီး​၊​ ကိုမင်း​ကိုနိုင်အပါအဝင် နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အမြန်ဆုံး​ လွတ်​မြောက်ဖို့​ အား​ပေး​စကား​ ​ပြောကြား​သွား​ပါတယ်။

“ကိုမင်း​ကိုနိုင်နဲ့​တကွ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​ အမြန်ဆုံး​လွတ်​မြောက်ပါ​စေ။ ကျမတို့​နိုင်ငံ တနိုင်ငံလုံး​၊​ ပြည်သူပြည်သား​အား​လုံး​ ညီညီညွတ်ညွတ်နဲ့​ အဂတိတရား​လေး​ပါး​က​နေ လွတ်​မြောက်တဲ့​ဘဝကို ​ရောက်နိုင်ကြပါ​စေလို့​ ကျမအ​နေနဲ့​ ဆု​တောင်း​လိုက်ပါတယ်။”

မွေး​နေ့​ပွဲတက်​ရောက်ခဲ့​တဲ့​ သတင်း​ထောက်တဦး​က “အန်တီက ပထမဆုံး​ အမှတ်တရ ​ပြောတယ်။ ​နောက်ဦး​မြတ်သူ၊​ ဦး​ဇွန်လှိုင်၊​ မနိုး​နိုး​ဇန်၊​ ကိုဇာဂနာ ​ပြောတယ်။ သူတို့​အကုန်လုံး​ အမှတ်တရ​တွေ​ပြောပြီး​တော့​ ဦး​မင်း​ကိုနိုင်အပါအဝင် အခြား​ နိုင်ငံ​ရေး​သမား​တွေ လွတ်​မြောက်ဖို့​ ဆု​တောင်း​တဲ့​အ​နေနဲ့​ ​ရောက်လာသူအား​လုံး​ ၁ မိနစ်​လောက်ငြိမ်ပြီး​ ဆု​တောင်း​ပြီး​တော့​ သီချင်း​ဆိုပြီး​တော့​ အခမ်း​အနား​ကို ရုပ်သိမ်း​လိုက်တယ်” လို့​ ​ပြောပါတယ်။

ကိုမင်း​ကိုနိုင်ရဲ့​မွေး​နေ့​ပွဲမှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေရဲ့​ ​မွေး​နေ့​သဝဏ်လွှာကို ဖတ်ကြား​ခဲ့​တဲ့​ ကိုမြတ်သူက ​မွေး​နေ့​ပွဲ ကျင်း​ပရတဲ့​ အနှစ်သာရကို ခုလို​ပြောပါတယ်။

“ကိုမင်း​ကိုနိုင်က ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​သူ ဖြစ်တယ်။ သူ့​လိုပဲ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေသူ​တွေ အား​လုံး​ကို ကျ​နော်တို့​က သတိတရဖြစ်ပြီး​ တသား​တည်း​ကျ​ကြောင်း​ ပြလိုတဲ့​ရည်ရွယ်ချက်နဲ့​ ကျင်း​ပတာဖြစ်တယ်။ ​နောက်တခုက ​ကျောင်း​သား​တွေရဲ့​ ဒီမိုက​ရေစီ လှုပ်ရှား​မှု အဆက်ဆက်ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ကျင်း​ပတာဖြစ်တယ်။ ​နောက်ရည်ရွယ်ချက်တခုက ပြည်သူလူထုက နိုင်ငံ​ရေး​ အကျဉ်း​သား​တွေနဲ့​ ပတ်သက်ပြီး​တော့​မှ ဘယ်​လောက်အတိုင်း​အတာထိ စိတ်ဝင်စား​မှုရှိတယ်။ သူတို့​ဘယ်​လောက် လွတ်​မြောက်​စေချင်တယ်ဆိုတဲ့​ဟာကို သက်ဆိုင်တဲ့​သူ​တွေ အား​လုံး​သိ​အောင် ပြသတဲ့​ ပွဲတပွဲပါ။”

ရန်ကုန်တိုင်း​ မရမ်းကုန်းမြို့​နယ်၊​ သမိုင်း​ဘူတာရုံလမ်း ပရိယတ္တိ စာသင်တိုက်မှာ ပြုလုပ်တဲ့​ ကိုမင်း​ကိုနိုင်ရဲ့​ ​မွေး​နေ့​ပွဲကို ဦး​တင်ဦး​၊​ ဦး​ဝင်း​တင်၊​ နိုင်ငံ​ရေး​ပါတီ​တွေက ​ခေါင်း​ဆောင်​တွေ၊​ မကြာမီက ​ထောင်ကပြန်လည်လွတ်​မြောက်လာတဲ့​ ကိုဇာဂနာ၊​ မစုစု​နွေး​၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေ၊​ ​ဇေယျာ​သော် စတဲ့​ အနုပညာသမား​တွေ၊​ စာနယ်ဇင်း​သမား​တွေ စုစု​ပေါင်း​ လူတ​ထောင်ခန့်​ တက်​ရောက်ခဲ့​ကြတယ်လို့​ သိရပါတယ်။

မွေး​နေ့​ရှင်ဖြစ်တဲ့​ ကိုမင်း​ကိုနိုင်က​တော့​ ကျိုင်း​တုံအကျဉ်း​ထောင်ထဲမှာ ​ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထား​ရပါတယ်။

ကိုမင်း​ကိုနိုင်ရဲ့​ ၄၉ နှစ်​မြောက်​မွေး​နေ့​ပွဲကို ရန်ကုန်မြို့​အပြင် မန္တ​လေး​၊​ စစ်ကိုင်း​၊​ ကရင်နဲ့​ ကချင်ပြည်နယ်တို့​မှာလည်း​ ကျင်း​ပခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013