Home
မြန်မာသတင်း
ရခိုင်အကြံပေးကော်မရှင်တွင် နိုင်ငံခြားသား ၃ ဦးပါဝင်မှု လွှတ်တော်၌ အရေးကြီးအဆိုတင်
နေဖြိုးဝင်း
·
August 30, 2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသား သုံးဦး ပါဝင်မှုဟာပြည်တွင်းေ ရးပြသနာ ကို နိုင်ငံတကာ ပြသနာအဖြစ်အောင် ဖန်တီးရာရောက်လို့ ပြည်တွင်းက ပညာရှင်တွေနဲ့ သာဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းကြောင်း ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆို တင်သွင်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဂါနာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်၊ လက်ဘနွန်နိုင်ငံသား ဂါဆမ်ဆလမ်နဲ့ နယ်သာလန်နိုင်ငံသူ လက်တီတီရာ မန်ဒန်ဆာဆမ်တို့ ပါဝင်တဲ့အဖွဲ့ဝင်  ၉ ဦးနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သြဂုတ် ၂၄ ရက်မှာ  ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီ ပေါက်တော မဲဆန္ဒနယ်  လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ ကတင်သွင်းရာမှာ “ကော်မရှင်ကို နိုင်ငံခြားသားတွေ ကို ဦးဆောင်ပါဝင်စေခြင်းဖြင့် ပြည်တွင်းရေးကို ၀က်ရောက် စွက်ဖက်ခွင့်ပေးထား တာတွေ့ရတဲ့အကြောင်း၊ နိုင်ငံတော်မှာ ပြသနာတွေကိုဖြေရှင်းဖို့ ခက်ခဲ နေချိန်မှာ နောက်ထပ်ပြသနာကြီးတခုကို မီးမွှေးပေး လိုက်သလိုဖြစ်နေတယ်”လို့ပြောသွား ပါတယ်။ အစိုးရသစ်အနေနဲ့ ကော်မရှင်အသစ်ဖွဲ့စည်းဖို့မလိုဘဲ ယခင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကိုသာ အကျိုးရှိအောင် ဆက်လက်အကောက်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့လည်း လွှတော်အမတ် ဦးအောင်ကျော်ဇံ အကြံပြု တိုက်တွန်းပါတယ်။ ဒီအဆိုကို ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ထောက်ခံဆွေးနွေးခဲ့ပြီး ဒီအဆိုကို ဆက်လက် ဆွေးနွေးသင့် မသင့် မဲခွဲရာမှာ ကန့်ကွက်သူမရှိတာကြောင့် စက်တင်ဘာ ၁ရက် ပြည်သူ့လွှတ်တော်မှာဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024