ရထားကြိတ်ခါနီး လူတဦးကို ကယ်တင်သည့်ရဲ သူရဲကောင်းအဖြစ် ချီးကျူးခံရ (ရုပ်သံ)

ရထားလာခါနီးအချိန် ရထားလမ်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်း ကြံစည်ဖို့ ကြိုးစားတဲ့သူကို ရဲတပ်ဖွဲ့ဝင်တဦးက ကယ်တင်လိုက်ပြီး သူ့ကို သူရဲကောင်းအဖြစ် ချီးကျူးနေပါတယ်။ နယူးဂျာစီက ဆီကောကပ်စ် ရထားလမ်းဆုံမှာ လူတဦး ရထားလမ်းပေါ်ကို ပြေးဆင်းသွားတာကို တွေ့မိတယ်လို့ အရာရှိ ဗစ်တာအော့တစ်က ပြောပါတယ်။ မိုင်ဝက်လောက်ပဲလိုတော့တဲ့ အချိန်မှာ ဒီလူက လမ်းပေါ်ကို ဆင်းပြီး လဲလျောင်းနေတဲ့အတွက် စဉ်းစားဖို့ အချိန်မရှိဘဲ ရထားလမ်းပေါ် ဆင်းကာ ကယ်တင်လိုက်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကယ်တင်ခံရတဲ့သူက သေချင်တယ်လို့ပဲ ပြောဆိုခဲ့တယ်လို့ အော့တစ်က ပြောပါတယ်။ အော့တစ်က ဂုဏ်ယူစရာ အရမ်းကောင်းတယ်လို့ နယူးဂျာစီ သယ်ယူပို့ဆောင်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၉ ရက်နေ့က ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ရထားလာမယ့်အချိန်မှာ လူတဦးက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ရထားသံလမ်းပေါ် လဲလျောင်းနေလို့ ရဲတပ်ဖွဲ့ဝင်က ရထားသံလမ်းကြားကနေ အတင်း ဆွဲထုတ်နေတာကို ရိုက်ကူးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up