ပခုက္ကူတွင် ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
August 30, 2016
မနက်ဖြန် စတင်ကျင်းမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံပွဲတခုကို ပခုက္ကူမြို့ မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို ပခုက္ကူမြို့က သံဃာတော်တချို့နဲ့ပြည်သူတွေ ပူပေါင်းကျင်းပခဲ့တာဖြစ်ပြီး ညီလာခံကြီး ချောချောမွေ့မွေ့ ပြီးမြောက်ပြီး ရလဒ်အနေနဲ့ ငြိမ်ချမ်းပြီး တိုင်းရင်းသားတွေ ပိုမို ချစ်ကြည်မှုတွေရလာဖို့၊ တန်းတူညီမျှမှုတွေ ပိုမိုရလာမယ်လို့ မျှော်လင့်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။
၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို ရေစကြိုမြို့မှာလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - မြင့်နိုင်