DVB Logo
Home
မြန်မာသတင်း
ထိုင်းရေဘေးသင့် မြန်မာအလုပ်သမားများ ကယ်ဆယ်ရေးဌာနကို အကူအညီ တောင်းခံနိုင်
DVB
·
October 17, 2011
ထိုင်းရေဘေးသင့် မြန်မာအလုပ်သမားများ ကယ်ဆယ်ရေးဌာနကို အကူအညီ တောင်းခံနိုင်
Donate to DVB

ရေလွှမ်းမိုးခံနေရတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမား ရေဘေးဒုက္ခသည်တွေဟာ ထိုင်း ရေဘေးကယ်ဆယ်ရေးဌာနတွေဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြား နိုင်တယ်လို့ မြန်မာရေဘေးဒုက္ခသည်အရေး တာဝန်ခံက ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက စီးဆင်းလာတဲ့ ရေထုကြောင့် ဘန်ကောက်မြို့ အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ့ ပထုံဌာနီဒေသတို့မှာ ခရိုင်တခုလုံး ရေလွှမ်းမိုးနေပါတယ်။

ဒီခရိုင်တွေမှာ အလုပ်လုပ်နေပြီး ရေဘေးဒုက္ခရောက်နေတဲ့ မြန်မာ အလုပ်သမားတွေဟာ ထိုင်းအစိုးရက ဖွင့်လှစ်ထားတဲ့ ဘန်ကောက် ဒွန်မောင်း လေဆိပ်က အရေးပေါ် ရေဘေးကယ်ဆယ်ရေးစင်တာကို ဆက်သွယ်နိုင် ပါတယ်လို့ တာဝန်ခံက ပြောပါတယ်။

“ဖုန်းဆက်လာတာ သိပ်မများသေးဘူး။ မြန်မာအလုပ်သမားတွေက စင်တာရဲ့​ဖုန်းနံပါတ်တွေကိုမသိသေးဘူး။ ကျမတို့ စင်တာက ခုမှ စဖွင့်တာလည်း ပါတယ်လေ။ သူတို့ကို ပြောပြပါ။ စင်တာကို ဖုန်းနဲ့ ဆက်သွယ်အကူအညီတောင်းနိုင်တယ်။ သူတို့ ရှိနေတဲ့ နေရာတွေနဲ့ သိမြင်နိုင်တဲ့အမှတ်အသားတွေနဲ့ အချက်အလက်တွေကို တိတိကျကျ ပြောပြစေချင်တယ်။ သွားပြီးကူညီတဲ့အဖွဲ့တွေက အလွယ်တကူ သိရှိနိုင်ဖို့ပေါ့။”

ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကတော့ ၀၈၅ ၃၃၂၇၅၅၃ ဖြစ်ပြီး အမည်က ‘ဖိနုတ်’ ဖြစ်ပါတယ်။

ထိုင်းစကားမပြောနိုင်တဲ့ မြန်မာအလုပ်သမားတွေအတွက် ၀၈၅-၃၇၀၀၅၉၆၀၈၀-၅၅၂၂၀၆၂၊ ၀၈၉-၆၃၇၅၂၇၁ စတဲ့ ဖုန်းနံပါကို ဆက်သွယ်ပြီး မြန်မာစကားပြန်တွေကို အကြောင်းကြားနိုင်ပါတယ်။

ထိုင်းစကားတတ်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ၀န်ကြီးချုပ်ရုံးကို အရေးပေါ်ဖုန်းနံပတ် ၁၁၁၁ ကနေ ၂၄ နာရီပတ်လုံး အခမဲ့ တိုက်ရိုက်ဖုန်းဆက် အကြောင်းကြားနိုင်ကြောင်း ၀န်ကြီးချုပ်ရုံး တာဝန်ခံတဦးက ပြောပါတယ်။

“ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားဆိုရင် ဖုန်းဆက် အကြောင်းကြားပါ။ အမည်နဲ့ ပြန်ပြီးဆက်သွယ်လို့ ရတဲ့ ဖုန်းနံပါတ်တွေကိုပြောပါ။ ပြီးတော့ မိမိ ရေဘေးဒုက္ခ ရောက်နေတဲ့ ခရိုင်အမည်တွေကို အကူအညီတောင်းခံမယ်။ ဥပမာ သဲအိတ်လိုလား၊ ဆေးဝါးလား၊ အစားအသောက်၊ အသုံးအဆောင် စသဖြင့်ပေါ့။ တိုက်ရိုက်သက်ဆိုင်တဲ့ အနီးဆုံးဌာန အမှုထမ်းတွေကို ဆက်သွယ် အကြောင်းကြား ဆောင်ရွက်ပေးဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ခရီးသွားလာရာမှာ ဘယ်လမ်းတွေကို ရှောင်ပြီး ဘယ်လမ်းတွေကနေ သွားရမယ်ဆိုတာကို သိဖို့  ဖုန်းနံပါတ် ၁၄၉၀ ကို ဆက်သွယ်နိုင်တယ်။ အရေးပေါ်ဆေးကုသရေး လိုအပ်ရင် အရေးပေါ်ကျန်းမာရေးဌာန ဖုန်းနံပါတ် ၁၆၆၉ ကို ဆက်သွယ်နိုင်ပါတယ်။”

၂ လကြာ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံမှာ လူ ၃၀၇ ဦး သေဆုံးခဲ့ပြီး ဘန်ကောက် အထက်က နခွန်စ၀မ် အယုဒ္ဓယနဲ့ ပထုံဌာနီ စတဲ့ခရိုင်တို့မှာ အိမ်ခြေ ၃ သန်းနီးပါး ရေမြုပ်ပြီး လူဦးရေ ၈ သန်းခွဲကျော် ဒုက္ခရောက်နေပါတယ်။

ပထုံဌာနီခရိုင်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဘန်ကောက်အနောက်ဘက်က ရပ်ကွက်ဇုန် ၁၅ ခုကို ရေမလွှမ်းနိုင်ဘူးလို့  ထိုင်းအစိုးရက ကြေညာထားပေမယ့် ဘန်ကောက်မြို့တော်ဝန်နဲ့  ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ကတော့ အစိုးရက ရေမလွှမ်းဘူးလို့ ကြေညာခဲ့တဲ့ ခရိုင်တွေမှာ ရေလွှမ်းသွားတာကြောင့် ခုကြေညာချက်ကို ရာနှုန်းပြည့် စိတ်မချဘူးသေးဘူးလို့ မီဒီယာတွေကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013