DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် တရားဥပဒေစိုးမိုးရေး တကိုယ်တော်ဆန္ဒထုတ်ဖော်
DVB
·
August 30, 2016
တောင်ကုတ်တွင် တရားဥပဒေစိုးမိုးရေး တကိုယ်တော်ဆန္ဒထုတ်ဖော်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တရားရုံးက တရားစီရင်ရေး မှန်ကန်တိကျဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက် သြဂုတ် ၂၉ ရက်နေ့က တကိုယ်တော် မြို့ပတ်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တရားစီရင်မှုတွေမှာ ဘက်လိုက်ပြီးမျှတမှု မရှိတဲ့အပြင် အောက်ခြေလူတန်းစားတွေ အပေါ် တရားစီရင်တဲ့အခါမှာ လုံးဝမှန်ကန်တိကျမှုမရှိတာကြောင့် ဆန္ဒထုတ်ဖော်ရတာလို့ တကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖော်သူ ကိုဇော်လွင်က ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ရဲ့ အောက်ခြေလူတန်းစားတွေအပေါ်မှာ တရားစီရင်ရေးစနစ်ဟာ မှန်ကန်မှုလုံးဝမရှိသေးပါဘူး။ တရားစီရင်မှုစနစ် တိကျမှန်ကန်ဖို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ခံစားဖူးပါတယ်။ မျက်မြင်ကိုယ်တွေ့လည်း တွေ့ဖူးပါတယ်။ ဘဝလည်းပျက်ခဲ့ရပါတယ် မိသားစုတွေ၊ ဘ၀နဲ့ရင်းပြီးပြိုကွဲခဲ့ရတဲ့ မိသားစုတွေ အများကြီးပါပဲ၊ ကျနော်တို့မိသားစုတွေ ပြိုကွဲခဲ့ရတယ်။”

“အများပြည်သူနားလည်အောင် သိထားတဲ့ဥပဒေ ပေါ်ပေါက်စေချင်ပါတယ်။ တရားစီရင်စနစ်သည် တိကျမှန်ကန်စေချင်ပါတယ်။ ဒုတိယခံစားရတဲ့ဘဝကတော့ ကျနော်တို့ရဲ့လက်ထဲမှာ ပုံစံနှစ်ခုရှိပါတယ်။ လက်ရှိလည်း ကိုင်ထားပါတယ်။ ဒီအမှုကို ရင်ဆိုင်လိုက်တဲ့အခါ အမှုကိုပလပ်တာ ခံလိုက်ရတယ်။ ရှေ့နေတယောက် ထွက်ဆိုချက်အတည်ပြုပြီး အမိန့်ချလိုက်တာကို ကျနော်တို့တွေ့ရပါတယ်။

တောင်ကုတ်မြို့တရားစီရင်ရေးမှာ မမျှတမှု၊ ဘက်လိုက်မှု၊ ဥပဒေကိုလက်တလုံးခြား လုပ်ဆာင်နေမှုအပြင် လူသတ်မှုတွေကလည်း မကြာခဏဖြစ်ပွားနေတာကြောင့် တရားစီရင်ရေးမှာ မှန်ကန်တိကျမှုတွေကို လုပ်ဆောင်ပေးဖို့ ဒေသခံတွေကလည်း လိုလားနေကြပါတယ်။

သတင်းဓာတ်ပုံ- ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013