တရုတ် တော်လှန်ရေး နှစ် ၁ဝဝပြည့်နေ့ ဆွန်ယက်ဆင် ကို ဂုဏ်ပြု

6.7K
အောက်တိုဘာ ၁၀ ရက်နေ့က တရုတ်နိုင်ငံမှာ နှစ် ၁၀၀ ပြည့် တော်လှန်ရေးနေ့ကို ကျင်းပခဲ့ပါတယ်။ အဲဒီ ရာပြည့်နေ့မှာ တရုတ်နိုင်ငံရဲ့ ဖခင်နဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင် အောက်မေ့ဖွယ် အခမ်းအနားကို ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။ ဒေါက်တာ ဆွန်ယက်ဆင်ဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာရှည်တဲ့ မြေရှင်ပဒေသရာဇ်စနစ်ကို အဆုံးသတ်ပြီး ခေတ်သစ် တရုတ်ပြည်ကို စတင်ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ‘ရေဘက်ကာ ဗယ်လီ’ (Rebecca Valli) က တရုတ် တော်လှန်ရေး ရာပြည့်အခမ်းအနားအကြောင်းကို သတင်းပေးပို့ ထားပါတယ်။ ဒီဘာသာပြန်သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက် ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။