နောက်ဖေးလမ်းထဲ အမှိုက်ပစ်ပါက ထောင်ဒဏ် ၁ နှစ်နှင့် ငွေ ၅ သိန်းအထိ ဒဏ်ရိုက်မည်
DVB
·
August 29, 2016

နောက်ဖေးလမ်းကြားတွေမှာ အမှိုက်ပစ်တာ၊ အင်္ကျီအဝတ်စားတွေလှမ်းတာနဲ့ အမိုးအကာတွေ ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ၁ နှစ်နဲ့ ဒဏ်ငွေ ၅ သောင်းကနေ ၅ သိန်းထိ ရိုက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့တော်စည်ပင်ကတော့ ရန်ကုန်မြို့တွင်းက မြို့နယ်တွေရဲ့ နောက်ဖေးလမ်းကြားတွေကို သန့်ရှင်းရေးတွေ တာဝန်ယူရှင်းလင်းပေးနေပါတယ်။
သန့်ရှင်းရေးလုပ်ပြီး ရပ်ကွက်တချို့မှာတော့ အခုလို လုပ်ရပ်မျိုးတွေမလုပ်ဖို့နဲ့ လုပ်ခဲ့ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ အရေးယူမယ်လို့ ရေးသားထားပါတယ်။
ဘော်ဒါဆောင်နေသူတွေအနေနဲ့ စည်းကမ်းမဲ့အမှိုက်ပစ်တာတွေလုပ်ရင် အထက်ဖော်ပြပါ ပြစ်ဒဏ်တွေနဲ့ အရေးယူမယ့်အပြင် တည်းခိုခန်း ဥပဒေပုဒ်မအရ အရေးယူအပြစ်ပေးခံရမယ်လို့ ရပ်ကွက်အတွင်းရှိ လမ်းအသီးကို သြဂုတ် ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက အသိပေးကြေညာထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။