DVB Logo
Home
မြန်မာသတင်း
ကလေးများအတုယူမှားစေနိုင်သည့် Smoke Candy ချိုချဉ်များမရောင်းရန်အသိပေး
DVB
·
August 29, 2016
ကလေးများအတုယူမှားစေနိုင်သည့် Smoke Candy ချိုချဉ်များမရောင်းရန်အသိပေး
Donate to DVB

ကျောင်းတွေဈေးတွေအပါဝင် ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေတဲ့ Smoke Candy ချိုချဉ်တွေဟာ ကလေးသူငယ်တွေကို အတုယူမှားစေနိုင်တဲ့အတွက် ဈေးတွေနဲ့ ကျောင်းတွေမှာ ရောင်းချခြင်းမပြုလုပ်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးပြောကြားလိုက်ပါတယ်။

မန္တလေးခရိုင်အုပ်ချုပ်ရေး စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဩဂုတ် ၂၆ ရက်က ဈေးချိုဧရိယာအတွင်းရှိ မုန့်ဆိုင်များတွေကို ကွင်းဆင်းစစ်ဆေးရာမှာ တဖက်နိုင်ငံမှ တင်သွင်းလာတဲ့ Smoke Candy ချိုချဉ်များကိုတွေ့ရှိခဲ့လို့ ခုလို ရောင်းချခြင်းမပြုဖို့ ပြောကြားခဲ့တာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒီချိုချဉ်တွေ စားသုံးရန်သင့်၊ မသင့်ကိုတော့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကို ပေးပို့စစ်ဆေးကာ အဖြေထွက်ရှိမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013