မြန်မာ ယူ ၁၉ အသင်း ထိုင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်

KBZ Bank U19 Cup 2016 ပြိုင်‌ပွဲ တတိယ‌နေရာလုပွဲ ပင်နယ်တီ အဆုံးအဖြတ်မှာ ထိုင်းအသင်းက  မြန်‌မာ ယူ ၁၉ အသင်းကို အနိုင်ရသွားပါတယ်။ ပွဲကစား ချိန် မိနစ် ၉၀ အထိ တဖက် ၁ ဂိုးစီနဲ့ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခံရပါတယ်။ ပင်‌နယ်‌တီကန်‌သွင်းရာမှာ မြန်‌မာအသင်းက ပင်‌နယ်‌တီ ၃ လုံးထိလွဲ‌ချော်‌ခဲ့ပြီး ထိုင်းအသင်းက ပင်‌နယ်‌တီ ၂ လုံးလွဲ‌ချော်‌ခဲ့ပါတယ်‌။ ဒါ့‌ကြောင့်ပွဲအပြီးမှာ ထိုင်းအသင်းက တတိယဆုကို ဆွတ်‌ခူးသွားနိုင်‌ခဲ့ပြီး‌တော့ မြန်‌မာအသင်းက‌တော့ ‌လေးနိုင်‌ငံယှဉ်‌ပြိုင်‌တာမှာ အဆင့် ၄ ‌နေရာမှာပဲ ရပ်‌တည်‌နိုင်‌ခဲ့ပါတယ်‌။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ‌တော့ မြန်‌မာယူ ၁၉ အသင်းနည်းပြချုပ်‌ဦးမျိုးလှိုင်‌၀င်းက သူတို့ အသင်းအ‌နေနဲ့ တပွဲမနဲ့တပွဲ ယုံကြည်‌ချက်‌‌တွေ နားလည်‌မှု‌တွေမြင့်တက်‌လာခဲ့‌ပေမယ့် ရှုံးနိမ့်ခဲ့တဲ့အတွက်‌ စိတ်‌မ‌ကောင်းဘူးလို့‌ ပြောပါတယ်‌။‌ ထိုင်းအသင်းရဲ့နည်းပြချုပ်‌က‌တော့ ဒီပွဲစီစဉ်‌တဲ့သူ‌တွေ‌ရော ကျန်‌အသင်း‌တွေကို‌ရော ‌ကျေးဇူးတင်‌ ပြီး‌တော့ အခုပွဲမှာ ထိုင်းကစားသမားအချို့ ကျူးလွန်‌ခဲ့တာနဲ့ပတ်‌သတ်‌လို့ အသင်းသား‌တွေ ကိုယ်‌စား‌ တောင်းပန်‌တယ်‌လို့‌ပြောပါတယ်‌။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up