အင်းတော်ဘူတာအနီး လူစီးရထား ဘီးချော်မှု ဖြစ်ပွား
DVB
·
August 28, 2016
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အင်းတော်ဘူတာနဲ့နဘားဘူတာအကြားမှာ သြဂုတ် ၂၇ ရက်ည ၆ နာရီခွဲလောက်က မန္တလေး-မြစ်ကြီးနား အမှတ် ၅၅ အဆန် အထူးအမြန် လူစီးရထားရဲ့ စက်ခေါင်း ဘီးချော်မှု ဖြစ်ပွားခဲ့ကြောင်း အင်းတော်ဘူတာမှ ရိုပိုင်ကြီး ဦးတိုးတိုးက ပြောကြားခဲ့ပါတယ်။
စက်ခေါင်း အမှတ် DF-1318 မန္တလေး-မြစ်ကြီးနား အမှတ် ၅၅ အဆန် အထူးအမြန် လူစီးရထားဟာ အင်းတော် ဘူတာနဲ့နဘားဘူတာအကြား နဘားဘူတာပွိုင့်အဝင် မှာ စက်ခေါင်း ဘီးချော်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ခရီးသည်နဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မီးရထားမှတာဝန်ရှိသူတွေနဲ့ နဘားဘူတာ တွဲပြင်ဌာနက တာဝန်ရှိသူ သွားရောက်ပြုပြင်ခဲ့လို့ ည ၇ နာရီ ၅၁ မိနစ်မှာ ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။
ရိုက်ကူး ကိုကိုလင်း(အင်းတော်)