Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ သြစတြေးလျတွင် ပြုလုပ်
DVB
·
August 28, 2016
20160827_170048[1]
14067535_1083536505065428_4814490919112970459_n
14040050_1820507771514918_7167371120186043454_n
14039941_1820540308178331_5877723689476614503_n
၂၁ ရာစု ပင်လုံညီလာ ကြိုဆို ထောက်ခံပွဲကို  သြစတြေးလျနိုင်ငံ မဲဘုန်းမြို့မှာ သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အခန်းအနားကို ချင်း၊ ဇိုမီး၊ မွန်၊ ရှမ်း၊ ကယန်း၊ ကရင် စတဲ့တိုင်းရင်းသားတွေ၊  မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ရာနဲ့ချီပြီး တက်ရောက်ပါတယ်။ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချပ် ဥပဒေပြုအထောက်ကူပြုအဖွဲ့က ဦးကိုနီရဲ့ နှုတ်ခွန်းဆက်အမှာစကားပါးလိုက်တဲ့ ဗွီဒီယိုကို ဖွင့်ပြခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုသစ်ပေါ်ထွန်းလာနိုင်ရေးတို့အတွက် အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားတွေရယ် စုပေါင်းပြီး ပြုလုပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အဓိကကြိုဆိုထောက်ခံချင်တာကြောင့် ဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ဒီပွဲမှာ အလှူငွေတွေလည်း ကောက်ခံခဲ့ပြီး ကောက်ခံရရှိတဲ့ငွေအားလုံးကို  ချင်းဒေသမှာ လိုအပ်နေတဲ့ ရေဘေးအတွက် လှူဒါန်းသွာမှာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024