DVB Logo
Home
မြန်မာသတင်း
ကလောတွင် ကျပ်သိန်း ၁,၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
August 28, 2016
ကလောတွင် ကျပ်သိန်း ၁,၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
Donate to DVB

ကလောမြို့အ၀င် ဘီးခွန်ကောက်ခံရေး တိုးဂိတ်အနီးမှာ သြဂုတ် ၂၇ ရက်နေ့က တိုရိုတာ ကားတစီးပေါ်ကနေ ကျပ်သိန်းပေါင်း ၁၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့ပါတယ်။

မူးယစ်တပ်ဖွဲ့စု (၂၅) ပူးပေါင်းအဖွဲ့ဟာ ကလောမြို့အဝင် ဘီးခွန်ကောက်ခံရေးတိုးဂိတ်အနီးမှာ ကလောဘက်ကနေ အောင်ပန်းဘက်ကို ကျော်ဦး မောင်းနှင်ပြီး စိုးသက်လင်း လိုက်ပါလာတဲ့ YGN 3D/5448 နံပါတ်ပါ TOYOTA HILUX SURF မော်တော်ယာဉ်ကိုရှာဖွေရာကနေ အခုလို ဖမ်းဆီးမိခဲ့တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယာဉ်နောက်ခန်းအတွင်း ငွေကျပ် ၁,၉၆၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၈,၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ စိတ်ကြွရူးသွပ်ဆေးပြားတွေ ပို့ဆောင်ခိုင်းတဲ့ ဘားအံမြို့နေ သန့်ဇင်ထွန်း(ခ) သူရမောင်မောင် နဲ့ ဝင်းဆွေ တို့ ၂ ဦးကိုလည်း ဟဲဟိုးမြို့အနီး၊ ဘ၀သံသရာတံတား မိုင်တိုင်အမှတ် ၉၈ မှာ 3J/8157 HILUX မော်တော်ယာဉ်နဲ့ တွေ့ရှိ ဖမ်းဆီးရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့ ၄ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013